What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 September 2020 11:33

ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဝေရာတွင် နိုင်ငံတကာနှင့်အတူ ပူးပေါင်းပါဝင်ရန် အမေရိကန်ငြင်းဆန်

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုနှင့် လူထုအတွင်း ဖြန့်ဝေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့်အတူ နိုင်ငံတကာက ကြိုးပမ်းဆောင်ရွက်နေမှု များတွင် အမေရိကန်အနေဖြင့် ပူးပေါင်းပါဝင်လိမ့်မည် မဟုတ်ကြောင်း သမ္မတထရမ့်အစိုးရအဖွဲ့က ပြောကြားလိုက်သည်။

 

ဘေးကင်းစိတ်ချရပြီး ထိရောက်မှုရှိသည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို နိုင်ငံအများအပြားသို့ ဖြန့်ဝေပေးနိုင်ရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများနှင့်အတူ ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေး ကမ္ဘာတစ်ဝန်းလက်ခံရရှိရေး ဝန်ဆောင်မှုတွင် ပူးပေါင်းပါဝင်ရန် နိုင်ငံပေါင်း ၁၇၀ ကျော်က ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

သို့ရာတွင် အဆိုပါ ကာကွယ်ဆေး ဖြန့်ဝေရေးအစီအစဉ်၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ပါဝင်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာနှင့်အတူ ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်းနှင့် ယင်းကိစ္စအတွက် အဖွဲ့အစည်းပေါင်းများစွာ၏ ချုပ်ကိုင်ခြင်းကို ခံလိမ့်မည် မဟုတ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျပ်ဒီရီက ပြောကြားခဲ့သည်။

 

အကယ်၍ အမေရိကန်နိုင်ငံက ကာကွယ်ဆေးကို ပထမဆုံး ထုတ်လုပ် နိုင်ခဲ့ပြီး အစွမ်းထက်ဆုံးသော ကာကွယ်ဆေးကို ၎င်း၏နိုင်ငံသားများ အတွက်သာ ဖြန့်ဝေပေးခဲ့မည်ဆိုပါက အမေရိကန်နိုင်ငံသား အများစုအနေဖြင့် ကာကွယ်ဆေးမရရှိသည့် အခြားနိုင်ငံများမှ ရောဂါကူးစက်ခံခဲ့ရလျှင် ခံနိုင်ရည် မရှိမည်ကို စိုးရိမ်ပူပန်မိကြောင်း ဆေးဘက်ကျွမ်းကျင်သူ ပညာရှင်များက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီလအတွင်းက အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးသို့ ငွေကြေးထည့်ဝင်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက် ချခဲ့ရာ ကပ်ရောဂါထိန်းချုပ်ရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လုပ်ဆောင်နိုင်စွမ်းနှင့် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေခဲ့သည်။

ဆင်ဟွာ

Read times
Rate this item
(0 votes)