What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 25 April 2020 20:50

တပ်မတော် မှ ကမ်းလှမ်းသည့် Cobas 6800 စက် ၂လုံးအကြောင်း

Chemical analysis, Microbiological Analysis နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့သူတွေအဖို့တော့ Analysis တွေလုပ်ရင် ဘာစက်တွေ

ဘာနည်းစဉ်တွေနဲ့ လုပ်လို့ ရတယ်။ ဘာ reagent တွေလိုတယ်။ စက်တစ်မျိုးမှာ ဘာတွေတိုင်းလို့ရတယ်ဆိုတာ သိနိုင်ပေမဲ့ အဲဒီနယ်ပယ်ပြင်ပမှ လူများအနေဖြင့် ဃဂနဏ မသိသဖြင့် အထင်အမြင်မှားယွင်းစွာ ပြစ်တင်ဝေဖန်မှုများကို သံယောင်လိုက်မိကြရသည်မှာ မဆန်းပါ။

သို့ဖြစ်ပေရာ အမှန်အတိုင်း သိရှိနားလည်စေရန် စေတနာဖြင့် တင်ပြအပ်ပါသည်။
တပ်မတော် မှ Covid-19 ရှိ - မရှိ စက်တစ်လုံး တစ်ရက်လျှင် လူ ၁၄၀၀ ဦးနူန်းနဲ့ စက် နှစ်လုံး နဲ့ တစ်ရက်လျှင် စုစုပေါင်း လူ၂၈၀၀ ဦးကို စစ်ဆေးပေးနိုင်တဲ့ Switzerland နိုင်ငံထုတ် Cobas 6800 စက် များ ကို (၂၀၁၉) ခုနှစ် ကတည်းက တပ်ဆင်ထားပြီး ယခု Covid ရောဂါအတွက်စစ်ဆေးပေးရန် အသင့် ရှိနေပါကြောင်း မြဝတီသတင်း ကြေငြာချက်ကို လူမှုကွန်ရက်မှာ ထပ်ဆင့် ဖြန့်ကြသည့်အခါ AA Medical Products Ltd မှ ဦးဇော်မိုးခိုင်နှင့်ဇနီးဖြစ်သူ ဒေါက်တာစောနေနွယ်တို့က လှူ'ါန်းသည့် အလားတူ Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland) ရောက်လာမှ အပြိုင်ပြုပြီး လှူဒါန်းသည်ဟု ပြောဆိုကြပါတယ်။ (AA ကို ရခိုင်မှ AA နှင့် အထင်မှားပြီး ပြောဆိုသူများလည်း တွေ့ရပါတယ်)

Cobas 6800 စက်ဟာ Covid တစ်ခုတည်း စစ်ဆေးတဲ့ စက်မဟုတ်ပါ။
HIV
Hepatits B
Hepatits C
နဲ့ အခြား virus တွေကို စစ်ဆေးနိုင်ပါတယ်။
တပ်မတော်မှာ HIV,B,C တို့ကိုအဓိကထား စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါပိုးတွေ ရှိ ရင် တပ်မတော် မှာဆက်လက်အမှုထမ်းခွင့်မရှိတော့ပါ။
ဒီအတွက် ရည်ရွယ်ပြီး ဝယ်ယူတပ်ဆင်၍ စစ်ဆေးမှုများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စစ်ဆေးတဲ့ အခါမှာလည်း နမူနာ ထည့် လိုက်တာနဲ့
ဒါက HIV ဒါက B ဒါက C ဒါက Covid လို့ အဖြေ တန်းထွက်တာ မဟုတ်ပါ။
သူ့ရောဂါအလိုက် စစ်ဆေးမဲ့ အထောက် အကူဓာတ်ခွဲဆေးပစ္စည်း reagent တွေ လိုပါတယ်။
တပ်မတော်က HIV, B, C အ တွက် ပဲ ရည်ရွယ်တာမို့ စက်မှာယူကတည်းက HIV, B, C နဲ့ သက်ဆိုင်တဲ့ reagent တွေပဲ ပါပါတယ်။
ကမ္ဘာအဝှန်း Covid ရောဂါ ပြန့်နှံ့လာတော့ Covid ရော ဂါ စစ် ဆေး နိုင် ဖို့ လိုအပ်တဲ့ reagent တွေ မှာယူ ခဲ့ပေမဲ့ တကမ္ဘာလုံး က အမှာစာ တွေ များ တာကြောင့် ကိုယ့် အ လှည့် ရောက်ဖို့ စောင့်ရပါတယ်။
AA Medical Products Ltd မှ ဦးဇော်မိုးခိုင်ဆိုရင်လည်း ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်။ ငွေပေးတိုင်း ရောင်းပေးတာ မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။
စက်နှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent အသစ်ကိုတီထွင်ပြီးပြီးခြင်း US FDA တွင် မှတ်ပုံတင်ရရှိပြီးသည်နှင့်တပြိုင်နက်မြန်မာပြည်အတွက် ခွဲတမ်းရနိုင်ရန် ကြိုးစားခဲ့ရပါကြောင်း ပြောပြခဲ့ပါတယ်။

လေကြောင်းလိုင်းတွေ ပိတ်လို့ မှာ ထားတဲ့ reagent တွေ က AA Medical Products Ltd ဆေးကုမ္ပဏီက အစိုးရကို လှူဒါန်း တဲ့ စက်နဲ့မှ အတူတူ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရောက်ရှိပြီးတဲ့အခါ လေကြောင်းဖြင့် သယ်ဖို့ အဆင်မပြေတာကြောင့် မြန်မာနိုင်ငံထဲကို မြ၀တီနယ်မှ ကားဖြင့် တင်ဆောင်လာခဲ့တာ အများသိကြပြီး ဖြစ်ပါတယ်။
လှူတဲ့ ဆေးကုမ္မဏီ က တော်ပါတယ်။ စက်ပဲလှူပြီး reagent တွေမပါရင် ဘာမှ မစစ်ဆေးနိုင်လို့ လူ ၁၀၀၀၀ စစ်နိုင်တဲ့ reagent တွေ ပါ အ မေ ရိ ကန် ကုမ္ပဏီကနေ တခါတည်း မှာယူလှူဒါန်း ခဲ့ပါတယ်။

တပ်မတော်က ပထမအသုတ်အနေနဲ့ လူ ၄၀၀၀၀ စစ်နိုင်တဲ့ reagent တွေ မှာယူ ရောက်ရှိခဲ့ပါတယ်။
စစ်ဆေးတဲ့အခါ တစ် ရက် လူဦးရေ၁၀၀ သာ စစ်ဆေးပေးနိုင်တဲ့ လက်ရှိ အသုံးပြု နေ တဲ့ စနစ် ထက် ကုန် ကျ
စရိတ် ပိုပါတယ်။
ယခု စက်နဲ့စစ်ဆေးရင် တစ်ဦးကို ငွေ ကျပ် သုံးသိန်းခန့် ကုန်ကျပါတယ်။
အစိုးရ ကို လှူဒါန်း ထား တဲ့ စက် ဟာ မန္တလေးမှာ ထားမှာဖြစ်ပြီး ယခု စက်တပ်ဆင်နေပါတယ်။
ပြီးရင် ဆေးစစ်ဖို့အတွက် computer programme တွေ သွင်းရပါမယ်။ ပြီးမှ စမ်းသပ်ရပါတယ်။
စမ်းသပ်တာကို WHO မှ အောင်မြင်ကြောင်း အတည်ပြုပေးပြီးမှ Covid အတွက် ဆေးစစ်ပေးလို့ရပါတယ်။
တပ်မတော် က နဂိုကတည်း က လေ့ကျင့်ထားတဲ့ ပညာရှင် တွေ က ဒီစက်ကို ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံ ရှိပြီး programme သွင်း ပြီး စမ်း သပ် အောင်မြင်ခဲ့လို့အစိုးရကိုလှူဒါန်းထားတဲ့ စက် နဲ့ ပတ် သက် လို့ နည်း ပ ညာ လိုအပ်လာပါက အ ကူ အ ညီ ပေးနိုင်ကြောင်း တင်ပြခြင်းဖြစ်ပါတယ်။
Credit Tin Aung Ko

အဆိုပါဆေးစစ်စက် နှင့် ပတ်သက်၍ ယခင်သတင်းကို ဖတ်ရှုလိုပါက

အောက်ပါခေါင်းစဉ်ကို ( နှိပ်ပါ )
AA Medical Products Ltd မှ တစ်ရက် လူ ၁၃၀၀ ကျော် ဆေးစစ်စက် လှူဒါန်း

 

တပ္မေတာ္ မွ ကမ္းလွမ္းသည့္ Cobas 6800 စက္ မ်ားအေၾကာင္း

Chemical analysis, Microbiological Analysis နဲ႔ ရင္းႏွီးကြၽမ္းဝင္ေနတဲ့သူေတြအဖို႔ေတာ့ Analysis ေတြလုပ္ရင္ ဘာစက္ေတြ ဘာနည္းစဥ္ေတြနဲ႔ လုပ္လို႔ ရတယ္။ ဘာ reagent ေတြလိုတယ္။ စက္တစ္မ်ိဳးမွာ ဘာေတြတိုင္းလို႔ရတယ္ဆိုတာ သိႏိုင္ေပမဲ့ အဲဒီနယ္ပယ္ျပင္ပမွ လူမ်ားအေနျဖင့္ ဃဂနဏ မသိသျဖင့္ အထင္အျမင္မွားယြင္းစြာ ျပစ္တင္ေဝဖန္မႈမ်ားကို သံေယာင္လိုက္မိၾကရသည္မွာ မဆန္းပါ။
သို႔ျဖစ္ေပရာ အမွန္အတိုင္း သိရွိနားလည္ေစရန္ ေစတနာျဖင့္ တင္ျပအပ္ပါသည္။
တပ္မေတာ္ မွ Covid-19 ရွိ - မရွိ စက္တစ္လုံး တစ္ရက္လွ်င္ လူ ၁၄၀၀ ဦးႏူန္းနဲ႔ စက္ ႏွစ္လုံး နဲ႔ တစ္ရက္လွ်င္ စုစုေပါင္း လူ၂၈၀၀ ဦးကို စစ္ေဆးေပးႏိုင္တဲ့ Switzerland ႏိုင္ငံထုတ္ Cobas 6800 စက္ မ်ား ကို (၂၀၁၉) ခုႏွစ္ ကတည္းက တပ္ဆင္ထားၿပီး ယခု Covid ေရာဂါအတြက္စစ္ေဆးေပးရန္ အသင့္ ရွိေနပါေၾကာင္း ျမဝတီသတင္း ေၾကျငာခ်က္ကို လူမႈကြန္ရက္မွာ ထပ္ဆင့္ ျဖန္႔ၾကသည့္အခါ AA Medical Products Ltd မွ ဦးေဇာ္မိုးခိုင္ႏွင့္ဇနီးျဖစ္သူ ေဒါက္တာေစာေနႏြယ္တို႔က လႉ'ါန္းသည့္ အလားတူ Cobas 6800 Analyser စက္တစ္လုံး (Made in Switzerland) ေရာက္လာမွ အၿပိဳင္ျပဳၿပီး လႉဒါန္းသည္ဟု ေျပာဆိုၾကပါတယ္။ (AA ကို ရခိုင္မွ AA ႏွင့္ အထင္မွားၿပီး ေျပာဆိုသူမ်ားလည္း ေတြ႕ရပါတယ္)

Cobas 6800 စက္ဟာ Covid တစ္ခုတည္း စစ္ေဆးတဲ့ စက္မဟုတ္ပါ။
HIV
Hepatits B
Hepatits C
နဲ႔ အျခား virus ေတြကို စစ္ေဆးႏိုင္ပါတယ္။
တပ္မေတာ္မွာ HIV,B,C တို႔ကိုအဓိကထား စစ္ေဆးေနခဲ့တာ ျဖစ္ပါတယ္။
ဒီေရာဂါပိုးေတြ ရွိ ရင္ တပ္မေတာ္ မွာဆက္လက္အမႈထမ္းခြင့္မရွိေတာ့ပါ။
ဒီအတြက္ ရည္႐ြယ္ၿပီး ဝယ္ယူတပ္ဆင္၍ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

စစ္ေဆးတဲ့ အခါမွာလည္း နမူနာ ထည့္ လိုက္တာနဲ႔
ဒါက HIV ဒါက B ဒါက C ဒါက Covid လို႔ အေျဖ တန္းထြက္တာ မဟုတ္ပါ။
သူ႔ေရာဂါအလိုက္ စစ္ေဆးမဲ့ အေထာက္ အကူဓာတ္ခြဲေဆးပစၥည္း reagent ေတြ လိုပါတယ္။
တပ္မေတာ္က HIV, B, C အ တြက္ ပဲ ရည္႐ြယ္တာမို႔ စက္မွာယူကတည္းက HIV, B, C နဲ႔ သက္ဆိုင္တဲ့ reagent ေတြပဲ ပါပါတယ္။
ကမာၻအဝွန္း Covid ေရာဂါ ျပန္႔ႏွံ႔လာေတာ့ Covid ေရာ ဂါ စစ္ ေဆး ႏိုင္ ဖို႔ လိုအပ္တဲ့ reagent ေတြ မွာယူ ခဲ့ေပမဲ့ တကမာၻလုံး က အမွာစာ ေတြ မ်ား တာေၾကာင့္ ကိုယ့္ အ လွည့္ ေရာက္ဖို႔ ေစာင့္ရပါတယ္။
AA Medical Products Ltd မွ ဦးေဇာ္မိုးခိုင္ဆိုရင္လည္း ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ရတယ္။ ေငြေပးတိုင္း ေရာင္းေပးတာ မဟုတ္ေၾကာင္း ေျပာျပခဲ့ပါတယ္။
စက္ႏွင့္ တြဲဖက္သုံးစြဲရမည့္ SARS-CoV-2 Reagent အသစ္ကိုတီထြင္ၿပီးၿပီးျခင္း US FDA တြင္ မွတ္ပုံတင္ရရွိၿပီးသည္ႏွင့္တၿပိဳင္နက္ျမန္မာျပည္အတြက္ ခြဲတမ္းရႏိုင္ရန္ ႀကိဳးစားခဲ့ရပါေၾကာင္း ေျပာျပခဲ့ပါတယ္။

ေလေၾကာင္းလိုင္းေတြ ပိတ္လို႔ မွာ ထားတဲ့ reagent ေတြ က AA Medical Products Ltd ေဆးကုမၸဏီက အစိုးရကို လႉဒါန္း တဲ့ စက္နဲ႔မွ အတူတူ ေရာက္ရွိလာတာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံ ေရာက္ရွိၿပီးတဲ့အခါ ေလေၾကာင္းျဖင့္ သယ္ဖို႔ အဆင္မေျပတာေၾကာင့္ ျမန္မာႏိုင္ငံထဲကို ျမ၀တီနယ္မွ ကားျဖင့္ တင္ေဆာင္လာခဲ့တာ အမ်ားသိၾကၿပီး ျဖစ္ပါတယ္။
လႉတဲ့ ေဆးကုမၼဏီ က ေတာ္ပါတယ္။ စက္ပဲလႉၿပီး reagent ေတြမပါရင္ ဘာမွ မစစ္ေဆးႏိုင္လို႔ လူ ၁၀၀၀၀ စစ္ႏိုင္တဲ့ reagent ေတြ ပါ အ ေမ ရိ ကန္ ကုမၸဏီကေန တခါတည္း မွာယူလႉဒါန္း ခဲ့ပါတယ္။

တပ္မေတာ္က ပထမအသုတ္အေနနဲ႔ လူ ၄၀၀၀၀ စစ္ႏိုင္တဲ့ reagent ေတြ မွာယူ ေရာက္ရွိခဲ့ပါတယ္။
စစ္ေဆးတဲ့အခါ တစ္ ရက္ လူဦးေရ၁၀၀ သာ စစ္ေဆးေပးႏိုင္တဲ့ လက္ရွိ အသုံးျပဳ ေန တဲ့ စနစ္ ထက္ ကုန္ က်
စရိတ္ ပိုပါတယ္။
ယခု စက္နဲ႔စစ္ေဆးရင္ တစ္ဦးကို ေငြ က်ပ္ သုံးသိန္းခန္႔ ကုန္က်ပါတယ္။
အစိုးရ ကို လႉဒါန္း ထား တဲ့ စက္ ဟာ မႏၲေလးမွာ ထားမွာျဖစ္ၿပီး ယခု စက္တပ္ဆင္ေနပါတယ္။
ၿပီးရင္ ေဆးစစ္ဖို႔အတြက္ computer programme ေတြ သြင္းရပါမယ္။ ၿပီးမွ စမ္းသပ္ရပါတယ္။
စမ္းသပ္တာကို WHO မွ ေအာင္ျမင္ေၾကာင္း အတည္ျပဳေပးၿပီးမွ Covid အတြက္ ေဆးစစ္ေပးလို႔ရပါတယ္။
တပ္မေတာ္ က နဂိုကတည္း က ေလ့က်င့္ထားတဲ့ ပညာရွင္ ေတြ က ဒီစက္ကို ကိုင္တြယ္ခဲ့တဲ့ အေတြ႕အႀကဳံ ရွိၿပီး programme သြင္း ၿပီး စမ္း သပ္ ေအာင္ျမင္ခဲ့လို႔အစိုးရကိုလႉဒါန္းထားတဲ့ စက္ နဲ႔ ပတ္ သက္ လို႔ နည္း ပ ညာ လိုအပ္လာပါက အ ကူ အ ညီ ေပးႏိုင္ေၾကာင္း တင္ျပျခင္းျဖစ္ပါတယ္။
Credit Tin Aung Ko

အဆိုပါေဆးစစ္စက္ ႏွင့္ ပတ္သက္၍ ယခင္သတင္းကို ဖတ္ရႈလိုပါက
ေအာက္ပါေခါင္းစဥ္ကို ( ႏွိပ္ပါ )
AA Medical Products Ltd မွ တစ္ရက္ လူ ၁၃၀၀ ေက်ာ္ ေဆးစစ္စက္ လႉဒါန္း

 

Read times Last modified on Saturday, 25 April 2020 20:53
Rate this item
(1 Vote)