What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 15 August 2021 23:54

ဖိလစ်ပိုင်တွင် COVID-19 လမ်ဒါ Lambda ဇီဝမျိုးကွဲ စတွေ့

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာနမှ COVID-19 လမ်ဒါ Lambda ဇီဝမျိုးကွဲ ကူးစက်ခံရသည့် လူနာကို ပထမဆုံးအကြိမ် အဖြစ်ဩဂုတ်လ ၁၅ ရက် တနင်္ဂနွေနေ့တွင် စတင်တွေ့ရှိခဲ့ကြောင်း ကြေညာပါသည်။

အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူမသည် ရောဂါလက္ခဏာ မပြသည့် ကူးစက်ခံလူနာ ဖြစ်ပါသည်။ ၁၀ ရက် တစ်ဦးတည်း သီးခြားနေထိုင်ခဲ့သူ ဖြစ်ပါသည်။


ပြည်တွင်းနေထိုင်သူ သို့မဟုတ် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ဆိုသည်ကို မသိရသေးကြောင်း၊ အတည်ပြုနိုင်ရန် စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း အာဏာပိုင်တို့က ထုတ်ပြန်ကြေညာပါသည်။

Lambda ဇီဝမျိုးကွဲကို ၂၀၂၀ ခုနှစ် အနှောင်းပိုင်းတွင် ပီရူးနိုင်ငံတွင် ပထမဆုံး မှတ်တမ်းပြုခဲ့ပါသည်။ ဇွန်လ ၁၄ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ variant of interest အုပ်စုဝင် အဖြစ် သတ်မှတ်ခဲ့ပါသည်။


WHO က မူရင်းမူလ SARS-CoV-2 ရဲ့ ဇီဝမျိုးကွဲ variants တွေ အမည်ပေးပုံကို ဂရိအက္ခရာတွေ ပြောင်းလဲသုံးစွဲစေခဲ့ပါတယ်။
ယခင်က မျိုးကွဲတွေ အမည်ပေးပုံ အမျိုးမျိုး ဖြစ်နေခဲ့တာကို တညီတညွှတ်တည်း ဖြစ်သွားပါတယ်။ အမည်ပေးပုံတစ်မျိုးက မျိုးကွဲ စတွေ့တဲ့ နိုင်ငံအမည်ကို အစွဲပြုပြီး ပေးကြတာ ဖြစ်ပါတယ်။ အမည်မှည့်ခံရတဲ့ နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ ဂုဏ်သိက္ခာကို နှိမ့်ချထိခိုက်တာ အနည်းနဲ့အများ ဆိုသလို ဖြစ်ပေါ်နေစေတယ်။ ပြီးတော့ တစ်ကျောင်း တစ်ဂါထာ ဖြစ်နေတော့ ရှုပ်ထွေးနေစေတယ်။ အမည်တွေက မှတ်ရခက်၊ အသံထွက်ရတာလည်း ခက်တယ်။
အမည်ပေးစနစ် ကျွမ်းကျင်ပညာရှင်တွေ အပါအဝင် တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး ယခုနည်းကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အမည်ပေးထားတဲ့ပိုးတွေကို အုပ်စုနှစ်ခု ခွဲခြား သတ်မှတ်ထားပါတယ်။

Variants of Concern စိုးရိမ်ရမျိုးကွဲ နဲ့
Variants of Interest စိတ်ဝင်တစားမျိုးကွဲတို့

ဖြစ်ပါတယ်။
သိပ္ပံအမည်ပေးတဲ့စနစ်ကိုလည်း ဆက်လက်သုံးစွဲမှာဖြစ်ပြ္း ပညာရှင်အများအကြား သုံးစွဲကြမှာ ဖြစ်ပါတယ်။
ဂရိအက္ခရာနည်းက ပြောဆိုရ လွယ်ကူ၊ မှတ်သားရလွယ်ကူလို့ လူထုအကြား အသိပေးပြောဆိုဖို့ အဆင်ပြေတယ်။
ယနေ့အထိ တွေ့ထားတဲ့ ဇီဝမျိုးကွဲတို့ရဲ့ Variants of Concern နဲ့ Variants of Interest တို့ကို ဖော်ပြအပ်ပါတယ်။

 

 

228011624_2079736728845467_497747965836051560_n.jpg

 

 

227409012_2079736775512129_5004135708918481062_n.jpg

 

 

 

 

 

Read times
Rate this item
(0 votes)