What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 14:06

ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို လက်ခုပ်တီးပေးတာနဲ့ လုံလောက်ပါသလား


ကမ္ဘာ အနှံအပြား လူတိုင်း ဒုက္ခ ခံစားနေရတဲ့ ကိုရိုနာ ရောဂါဆိုးကြီးကို တိုက်ခိုက်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာလည်း လူသားတွေထဲက လူတွေပါပဲ။သင်တို့တောင် ရောဂါဖြစ်ပွားနေမှန်းသိလို့ အိမ်ထဲ နေရချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကတော့ တကယ့် ရောဂါ ပိုးမွှားတွေများပြားစွာရှိတဲ့ ကြားမှာ နေရတဲ့သူတွေပါ။

 

ဥပမာ အားဖြင့်ပြောရရင် သူတို့တွေဟာ တကယ့်ကို သူရဲကောင်းတွေပါပဲ သူတို့တွေက စစ်မြေပြင် ရှေ့တန်း က စစ်ထွက် တိုက်ရတဲ့ စစ်သားတွေပါပဲ အချိန်မရွေး ကျဆုံးသွား နိုင်ပါတယ်။သေမင်းတမန် လမ်းကိုလျှောက်လှမ်း နေကြတဲ့ သူတွေပါ။တချို့ ဆင်းရဲတဲ့ နိုင်ငံများဆို ကျန်းမာရေး ဝန်ထမ်းတွေက လုံခြုံတဲ့ ဝတ်စုံတွေတောင်မရှိကြပါဘူး။

 

အခု ကိုရိုနာ ဖြစ်ပွားချိန်မှာ တာဝန်ထမ်းဆောင်ကြတဲ့ Key workers တွေမှာ ဆရာဝန်တွေ ၊ သူနာပြုတွေ နဲ့ မီးသတ်သမားတွေပါဝင်ပါတယ်။တကယ်တန်း ကိုယ်ကျိုးစွန့်ပြီး အသက်ပေးသွားတဲ့ သူတွေလည်းရှိပါတယ် တချို့ရောဂါကူးစက်ခံရတဲ့ သူတွေလည်းရှိပါတယ်။

 

သူတို့တွေမှာ သူတို့ ဘဝနဲ့ ပါ မိသားစု တွေနဲ့ပါပဲ အဆိုပါကျန်းမာရေးဝန်ထမ်းများက ကိုယ်ကျိုးကိုစွန့်တဲ့ သူတွေ လုပ်ငန်းခွင်မှာ တာဝန်ကျေတဲ့သူတွေပါပဲ သူတို့ ဟာ ရတဲ့ လစာကို မက်လို့လုပ်နေကြတဲ့ သူတွေမဟုတ်ပါဘူး ဝါသနာ အရင်းခံလူတွေကို ကယ်တင်နေတဲ့ ချပ်ဝတ်တန်ဆာ ဝတ်ဆင် မထားတဲ့ PPE ဝတ်စုံနဲ့ သူရဲကောင်းတွေပါ။

 

မြန်မာပြည်မှာ ဆိုလဲ မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန် ဟာ ventilator မှ tube ကို လူနာအသက်ကယ်ဖို့ထည့်ရင်း ကိုရိုနာ ကူးစက်ခံခဲ့ရပါတယ် ကိုယ်ကြိုးမတွက်တဲ့ ဆရာမကြီးလို ကျန်းမာရေးဝန်ထမ်းတွေအများကြီးပါပဲ။အခုဆိုရင်တော့ ဆရာမကြီး သက်သာတဲ့ အနေအထား ရောက်ရှိပြီသိရပါတယ်။

 

NHS မှ ဗမာလူမျိုး ဆရာဝန် ဒေါက်တာ ပီတာထွန်း အသက်ဆုံးပါးသွားရတာကလည်း သူက ဦးနှောက်နဲ့ အာရုံကြောဌာနက ပါ ကိုရိုနာရောဂါလက္ခဏာက ဦးနှောက်သွေးခဲတာ ပါပါဝင်ပါတယ် သို့ပေမည့် သူ့တို့ ဌာန ကို PPE လုံလုံလောက်လောက် မပေးပါဘူး ဒါကြောင့် မသေသင့်ပဲသေခဲ့ရတာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လာမည့် စက်တင်ဘာလမှာ ထွက်ရှိမယ်သိရပါတယ်။ထိုအခါမှာ လူနာတွေနဲ့ အနီးကပ်နေနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး ချပေးသင့်ပါတယ်။လက်ခုပ်တီးပေးတာက အဆိုပါကျန်းမာရေးဝန်ထမ်းတွေကို စိတ်ဓာတ် ခွန်အားပေးတာမျိုးပေါ့ ဒါ့ထက် ကျန်းမာရေးဝန်ထမ်းတွေကို လိုအပ်သလောက် PPE နဲ့ တိုက်ပွဲ ဝင်ဖို့ အဆင်တန်ဆာ အပြည့်အစုံပေးသင့်ပါတယ်။

 

ယနေ့ည ၈ နာရီ မှာ သူတို့ရဲ့ ရဲဝင့်တဲ့ လုပ်ရက်တွေကို အသိအမှတ်ပြုသော အားဖြင့် ကျန်းမာရေး ဝန်ထမ်းတွေကို လက်ခုပ်တီးပေးကြပါအုံး ....

 

<<< Zawgyi >>> 

 


-------------------

 


 


 


 


 


 


 


 


 

Ref ; Metro

Read times
Rate this item
(0 votes)