What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 August 2020 20:10

(၁၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၁၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၇၂၀) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၇၄) ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၅၃) ခု၊
- စုစုပေါင်း (၁,၄၆၈) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိရပါသည်။

၂။ (၁၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၇၄) ဦး ရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေး မှုတွင် (၂) ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူ (၁)ဦး (Case- 353) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၂၂) ဦးရှိ ပါသည်။ ၎င်းတို့အနက် (၃၁၄) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများ တွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၃-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၄-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၀) ဦးရှိပါသည်။

Image may contain: text that says '(၁၄- -၂၀၂၀) ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိ ရက်နေ့၊ ည (၈:၀၀)နာရီ အမှတ် နေရပ်လိပ်စာ COVID-19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှု ပြည်ပသို့ ခရီးသွား ရှိ/မရှိ ဆေးကုသမှု ခံယူစေမည့်ဆေးရုံ COVID-19 ဓာတ်ခွဲအဖြေ တာမွေမြို့ ရန်ကုန်တိုင်းဒေသကြီး မှတ်ချက် ၂၈နှစ် (အမေရိကန်နိုင်ငံ) တောင်ဥက္ကလာ အထူးကုဆေးရုံကြီး မှော်ဘီမြို့ ကုန်တိုင်းဒေသကြီး ၃၈နှစ် (ယူအေအီးနိုင်ငံ သံတွဲမြို့နယ် ရခိုင်ပြည်နယ် တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး တွေ့ရှိ ၄၁နှစ် (အိန္ဒိယနိုင်ငံ) တောင်ဥက္ကလာပ မူဆယ်မြို့နယ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၃၆နှစ် အသွားအလာ ကန့်သတ်ထားရှိသူ ကမာရွတ်မြို့နယ် အသွားအလာ ကန့်သတ်ထားရှိသူ (လှိုင်မြို့နယ်) အသွားအလာ ကန့်သတ်ထားရှိသူ (လှိုင်မြို့နယ်) အသွားအလာ ကန့်သတ်ထားရှိသူ (လှိုင်မြို့နယ်) အသွားအလာ ကန့်သတ်ထားရှိသူ (လှိုင်မြို့နယ်) ကျား (အိန္ဒိယနိုင်ငံ) တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီ (အိန္ဒိယနိုင်ငံ) တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး တွေ့ရှိ'

No photo description available.

Image may contain: text that says '(ယခုသတင်းထုတ်ပြန်ချိန်အထိ COVID-19 လူနာများအခြေအနေ (၁၄- ၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အသစ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (confirmed) ယခုအထိ စုစုပေါင်း ဦး (၃၇၄) ဦး ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (recovered) (၁) ဦး (၃၂၂) ဦး သေဆုံးလူနာ (death) (ဝ) ဦး (၆) ဦး'

Read times
Rate this item
(0 votes)