What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 28 April 2020 20:06

(၂၈-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ (၂၈-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ်စစ်ဆေးပြီးစီးခဲ့သောဓာတ်ခွဲနမူနာ နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာပေါင်း (၁၄၅) ခုအနက် -

• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၃) ဦး တွေ့ရှိခဲ့ပါသည်။

 

၂။ သို့ဖြစ်ပါ၍ (၂၈-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၉)ဦး ရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၆) ဦး (လူနာအမှတ် - ၆၊ ၁၉၊ ၂၀၊ ၂၄၊ ၂၅၊ ၂၉) ထပ်မံ တွေ့ရှိသည်ဖြစ်၍ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများ အနက် ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၁၆) ဦးရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိပါသည်။

 

၄။ (၂၇-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၉)ဦး ရှိပါသည်။

No photo description available.

No photo description available.

Read times
Rate this item
(0 votes)