What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 22:28

ကုတင် (၆၆၆) အင်းယားစင်တာတည်ဆောက်နေမှု လုပ်ငန်းများ (၇၀)ရာခိုင်နှုန်းပြီးစီး

အင်းယားစင်တာအား Yangon Convention Center တွင် စက်တင်ဘာ(၂၉)ရက်နေ့မှ စတင်တည်ဆောက်လျက်ရှိရာ

တည်ဆောက်ရေးလုပ်ငန်းများ (၇၀)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အင်းယားစင်တာဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင့်ဆန်းက "ပြီးစီးမှုအပိုင်းမှာတော့ ကျွန်တော်တို့က အတွင်းအပြင်ဆိုပြီး နှစ်ပိုင်းရှိတာပေါ့။ဒီအင်းယားကိုဗစ်စင်တာကြီးရဲ့ အတွင်းပိုင်းမှာ အခန်းပေါင်း(၁၅၆)ခန်းထိ လျာထားပါတယ်။မူလကတော့ ကျွန်တော်တို့က (၆၀၀)လျာထားပေမယ့် Recreption Areaပေါ့။အဲ့ဒါလေးကိုကျွန်တော်တို့ကသတ်မှတ်လိုက်တယ်။အဲဒီမှာ Food Court ရှိမယ်။နောက်ပြီး အင်တာတိန်းမန့်နေရာလေးတွေ သတ်မှတ်လိုက်တော့ အခန်းကအဲ့လိုဖြစ်သွားတယ်။အခန်းတွေထဲမှာထည့်မယ့် ကုတင်တွေက အားလုံး(၆၆၆)လုံး၊အတွင်းထဲမှာရှိတဲ့ ကိုဗစ်လူနာတွေနေဖို့ ကုတင်တွေအားလုံးကို ကျွန်တော်တို့ပြင်ဆင်ပြီးပြီ။လျှပ်စစ်မီးတွေလုပ်ပြီးပြီ၊အဲယားကွန်းတွေပြင်ဆင်ပြီးပြီ၊အဲဒါတွေအားလုံးပြီးပြီ၊နောက်တစ်ခါ သူတို့ကိုဝန်ဆောင်မှုတွေပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊စေတနာ့ဝန်ထမ်းတွေအတွက် စင်တာအပြင်ဘက်မှာ အခန်း(၁၅၀)ဖွဲ့ပြီး ကုတင်တွေလည်းအားလုံးဆောင်ရွက်ပြီး ဖြစ်ပါတယ်ခင်ဗျ၊ဒီစင်တာကြီးတစ်ခုလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းကတော့ (၇၀)ရာခိုင်နှုန်းပြောလို့ ရပါတယ်"ဟု ပြောသည်။
အင်းယားကိုဗစ်စင်တာသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့် အညီ ကိုဗစ် ၁၉ ရောဂါကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း(၇၀၀၀)နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း(၃၀၀၀) စုစုပေါင်းကျပ်သိန်းတစ်သောင်းကို ကနဦးမတည်လှူဒါန်း၍ အင်းယားစင်တာအား Yangon Convention Center တွင် စတင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။
အဆိုပါစင်တာမှာ လူနာတင်ကုသိုလ်(၅၀၀)ဆံ ကိုဗစ်စင်တာတစ်ခုဖြစ်ပြီး High-Dependency Unit HDU(၁၆)ကုတင်တစ်ပါတည်း ပါဝင်လာမည်ဖြစ်သည်။လက်ရှိအချိန်တွင် တည်ဆောင်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်မှုများနှင့်အညီ စနစ်တကျစီမံချက်ရေးဆွဲတည်ဆောက်လျက်ရှိပြီး (၁၀)ရက်အတွင်း အပြီးတည်ဆောက်နိုင်ရန် လျာထားဆောင်ရွက်နေခြင်းဖြစ်သည်။
အင်းယားစင်တာတွင် တက်ရောက်မည့်လူနာများအတွက်လိုအပ်မည့် အထူးဆေးဝါးများနှင့် အာယာရပြည့်ဝစေရန်က နံနက်၊နေ့လည်၊ညစာများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ပါသည်။ဆရာဝန်များ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများအတွက်လည်း သီးသန့်အဆောက်အဦးများတစ်ပါတည်းပါဝင်မည်ဖြစ်ကာ (၂၄)နာရီအခမဲ့ Food Court ထားရှိပေးသွားမည် ဖြစ်သည်။

 

Read times Last modified on Sunday, 04 October 2020 22:31
Rate this item
(0 votes)