What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 03 May 2020 22:48

KWEKABAW HOSPITAL ကို LOCKDOWN ချ

(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် စာရင်းပါ 

အင်းစိန်မြို့နယ်မှ အတည်ပြု Positive လူနာ ၃ ဦး ဖြစ်ကြသည့် Case-152, 153, 154 တို့သည် အင်းစိန် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ကွယ်ကဘောဆေးရုံမှ သူနာပြုဆရာမများဖြစ်ကြောင်းသိရသဖြင့် ၎င်းဆေးရုံအား တိုင်းကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ Lock Down ပြုလုပ်လိုက်ပြီဖြစ်သည်။

အတည်ပြုလူနာစာရင်း ဖောပြချက် ကြည့်ရှုရန် အောက်ပါခေါင်းစဉ်ကို နှိပ်ပါရန်

(၃-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

 

 

 

မေလ ၃ ရက်ည ၈ နာရီမှာ ထပ်တိုးခဲ့တဲ့ အင်းစိန်က ပိုးတွေ့လူနာ ၃ ဦးမှာ လူနာအမှတ် ၁၅၁ နဲ့ အတူအဆောင်နေသူတွေ ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြုတွေ ဖြစ်ကြတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကိုပြောပါတယ်။
မေလ ၁ ရက်နေ့တုန်းက လူနာအမှတ် (၁၅၁) မှာ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် သူနဲ့အတူ ကျန်ရှိတဲ့ အဆောင်နေသူ (၆) ဦးကို Facility Quarantine စင်တာကို ပို့ဆောင်ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ (၃) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ထပ်တိုးခဲ့တဲ့လူနာ (၃) ဦးမှာ လူနာအမှတ် (၁၅၂) ၊ (၁၅၃) နဲ့ (၁၅၄) တို့ဖြစ်ကြပြီး အသက် (၃၂) ၊ (၁၉) နှစ်နဲ့ (၂၀) အရွယ် အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
“ အခုထပ်တွေ့ခဲ့တဲ့လူနာက လူနာအမှတ် ၁၅၁ နဲ့ အဆောင်တူတူနေတဲ့သူတွေပါ။ ပုဂ္ဂလိကဆေးရုံက သူနာပြုတွေလို့သိရပါတယ်။ သူတို့အဆောင်အတူတူနေတဲ့သူ ၇ ယောက်မှာ ၆ ယောက်က သူနာပြုတွေပါ” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကိုပြောပါတယ်။
လက်ရှိတော့ အဆိုပါ သူနာပြုတွေ အလုပ်လုပ်ကိုင်ကြတဲ့ ပုဂ္ဂလိကဆေးရုံက ကွယ်ကဘောဆေးရုံ ဖြစ်ပါတယ်။
လူနာအမှတ် (၁၅၁) မှာ ရောဂါပိုးတွေ့ရှိကတည်းက သူတို့နေထိုင်တဲ့ အဆောင်ရှိရာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ခဝဲခြံ (၂) လမ်းကို အသွားအလာကန့်သတ်ပြီး Lock Down လုပ်ထားခဲ့ပြီးသားဖြစ်ပါတယ်။
လူနာအမှတ် (၁၅၁) ကတော့ ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုက ဆရာမတစ်ဦးဖြစ်ပြီး သူဟာ ပြည်ပခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာတွေနဲ့လည်း ထိတွေ့ခဲ့သူမဟုတ်တာကြောင့် ကူးစက်ခံရတဲ့အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့လည်း ကနဦးသတင်းဖော်ပြထားပြီးလည်းဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မေလ ၃ ရက် ည ၈ နာရီသတင်းထုတ်ပြန်ချက်အရပိုးတွေ့ လူနာ (၄) ဦးထပ်တိုးခဲ့ရာမှာ အင်းစိန်မြို့နယ်က ၃ ဦးနဲ့ တာမွေမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။
တာမွေမြို့နယ်က လူနာအမှတ် ၁၅၅ ကတော့ အသက် ၄၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာတစ်ဦးဖြစ်ပါတယ်။
သူကလည်း ခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူမဟုတ်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၃ ရက်နေ့ ည ၈ နာရီအထိ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူစုစုပေါင်း (၄၃) ဦးရှိလာခဲ့ပြီး အဲဒီထဲကမှ (၂၉) ဦးဟာ ဆေးရုံက ဆင်းခွင့်ရထားပြီးလို့လည်း သိရပါတယ်။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၅၅ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၄၃ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပြီလည်းဖြစ်ပါတယ်။
@Duwun

 

 

 

Read times Last modified on Sunday, 03 May 2020 23:11
Rate this item
(0 votes)