What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 August 2020 16:16

ရန်ကုန်မြိုမှာ မတ်စ်မတပ်ဘဲ သွားလာသူများကို အရေးယူသည့် စီမံချက် ပြန်လည်လုပ်ဆောင်မည်

ရန်ကုန်မြို့မှာ နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာသူများအား အရေးယူမည့် စီမံချက်ကို ပြန်လည် လုပ်ဆောင်သွားမည်ဟု သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်ကူးစက်သူများ ရန်ကုန်မြို့တွင် ပေါ်ပေါက်ခဲ့ခြင်း၊ ကူးစက်ခံလူနာတွင် ရောဂါလက္ခဏာများ ချက်ချင်းမပြခြင်းနှင့် ညင်သာစွာ ပြသခြင်းကြောင့်

 

မိမိသည် ကူးစက်ခံရမှန်း ချက်ချင်းမသိသဖြင့် လူအများကြား သွားသွားလာလာ ပြုမိခြင်း စသည့်အချက်များကြောင့် အပြင်ထွက်သူတိုင်း မတ်စ်ကို စနစ်တကျ တပ်ဆင်ထားစေရန်

 

ယခုလို အရေးယူမည့် ဏီမံချက် ပြန်လည်စတင်ရကြောင်း သိရသည်။ ထိုသို့ အရေးယူခြင်းများကို ယခင်က ဆောင်ရွက်ခဲ့သော်လည်း ဇူလိုင်လနောက်ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ရာမှ ယခု ပြန်လည် စတင်ခြင်း ဖြစ်သည်။

 

အရေးယူခံရသူများကို သက်ဆိုင်ရာ မြို့ နယ် တရားရုံးအသီးသီး၌ တရား စွဲခဲ့ပြီးနောက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ (၁၅) အရ ဒဏ်ငွေကျပ် ၅,၀၀၀ ပေးဆောင်စေခဲ့သည်။ ထို့အပြင် ပုဒ်မ ၁၈ အရ ထောင်ဒဏ်သုံးလနှင့် ဒဏ် ငွေ ငါးသောင်းချမှတ်ခံရသူများလည်း ရှိခဲ့သည်။

By Myanmar Health Guide

Read times
Rate this item
(0 votes)