What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 May 2020 19:58

(၁၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ယနေ့ (၁၈-၅-၂၀၂၀) ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန (DMR) မှ
ဓာတ်ခွဲနမူနာ (၁၇၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၈) ခု၊ စုစုပေါင်း (၃၅၈) ခုတို့အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ (၁၈-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၈) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ (၄) ဦး (Case - 36, 48, 88 နှင့် 114) ရှိသဖြင့် (၁၈-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦးရှိပါသည်။ ၎င်းတို့အနက် (၈၈)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၇-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၈-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၈) ဦး ရှိပါသည်။
 
 
 
Read times Last modified on Monday, 18 May 2020 20:07
Rate this item
(0 votes)