What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 May 2020 14:13

မတ်စ် တပ်မောင်းရာမှ အောက်ဆီဂျင် ပြတ်လပ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွား

ယာဉ်မောင်းတစ် ဦး သည် N95 မျက်နှာဖုံးကို ၀ တ်ဆင်ထားပြီး ကားမောင်းခဲ့ရာ အောက်စီဂျင် လုံလုံလောက်လောက် မရသဖြင့် သတိလစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ 

 

အမေရိကန်နိုင်ငံ နယူးဂျာစီမှ လင်ကွန်းပန်းခြံမှ တာဝန်ကျ ရဲအရာရှိက ပြောကြားရာ၌ N95 အမျိုးအစား မတ်စ်ကို နာရီ အတန်ကြား ဝတ်ဆင်ထားခဲ့သဖြင့် ထွက်လေမှာ ပါလာစသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အကြိမ်ကြိမ် ပြန်ရှူသွင်းနေခဲ့သည်။ နောက်ဆုံး အောက်ဆီဂျင် ပြတ်လပ်ပြီး မေ့မျောသွားရာမှ ယာဉ်ကို မထိန်းကျောင်းနိုင်တော့ဘဲ ယာဉ်တိုက်မှု ဖြစ်ပွားစေခဲ့သည်။


ယာဉ်တိုက်မှုသည် လမ်းဘေးရှိ သစ်သားဓာတ်တိုင်ကို ဝင်တိုက်မိခြင်း ဖြစ်ပေရာ အခြားယာဉ် ပါဝင် ပတ်သက်ခြင်း မရှိချေ။ ယာဉ်မောင်းမှာ ပြင်းထန်သည့် ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိချေ။ သို့သော် ဆေးစစ်မှု ခံယူရန် ဆေးရုံတင်ထားသည်။


ရဲတပ်ဖွဲ့မှ လူထုသို့ သတိပေးပြောကြားရာတွင် လူအချင်းချင်း ခပ်ခွာခွာ နေရချိန်တွင်သာ မတ်စ်ကို တပ်ဆင်ရမည်။ အနီးအနားတွင် လူသူတစ်ဦးမှ မရှိလျှင် မတ်စ်ကို အချိန်ပြည့် တပ်ဆင်ထားရန်မလို။ အထူးသဖြင့် ကားပေါ်တွင် အခြားသူ တစ်ဦးမှ မပါဘဲ မိမိတစ်ဦးတည်း မှန်အလုံပိတ် မောင်းနှင်နေစဉ် မတ်စ် တပ်ဆင်ထားခြင်းကို ရှောင်ကြဉ်ရမည်။

 

U.S. National Library of Medicine မှ ၂၀၀၅ ခုနှစ် လေ့လာမှု အစီရင်ခံစာတွင် ကောက်ချက်ချထားသည်မှာ "မူးနောက်နောက် ဖြစ်ခြင်း၊ ခေါင်းအုံခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်းများကို N95 မတ်စ် အချိန်ကြာကြာ ဝတ်ဆင်ထားရသည့် ကျန်းမာရေးဝန်ထမ်းများ တွေ့ကြုံခံစားရသည်" ဟူ၍ ဖြစ်သည်။

 

ပူပြင်းသည့် ရာသီတွင် နောက်ထပ် ပြဿနာတစ်မျိုးမှာ အဆုပ်မှ ထုတ်လိုက်သော လေဖြင့် ကိုယ်ခန္ဓာအတွင်းမှ အပူများကို စွန်ံထုတ်ရပေရာ မတ်စ် တပ်ဆင်ချိန် ကြာမြင့်ပါက အပူများ ကောင်းကောင်း မစွန့်ပစ်နိုင်သဖြင့် အသက်ရှူမဝခြင်း၊ မူးဝေခြင်းများ ဖြစ်ပွားစေသည်။

Read times
Rate this item
(0 votes)