What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 31 May 2020 13:58

စင်ကာပူရှိ ချန်ဂီအကျဉ်းထောင်မှာ Covid-19 ဖြစ်ပွားမှု ရှိခဲ့သော်လည်း ထိန်းချုပ်နိုင်ခဲ့

ဧပြီလနှောင်းပိုင်းနှင့်မေလအစောပိုင်းတွင် အကျဉ်းသားအသစ် ၃ ဦး နှင့်

ချန်ဂီအကျဉ်းထောင်တွင် အလုပ်လုပ်ကိုင်နေသည့် သူနာပြုတစ်ဦး တို့သည် Covid-19 အတည်ပြုလူနာများ ဖြစ်ခဲ့ကြသည်။

လူနာလေး ဦး တို့သည် တစ် ဦး နှင့်တစ် ဦး ထိတွေ့မှု မရှိဘဲ သီးခြားစီ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ပြီး
နောက်ထပ် ရောဂါကူးစက်မှုများလည်း မဖြစ်ပွားခဲ့ကြောင်း စင်ကာပူအကျဉ်းထောင် (SPS) မှ စနေနေ့ (မေ ၃၀) ကြေညာချက်တွင် ဖော်ပြထားသည်။

အကျဉ်းသားသုံး ဦး စလုံးသည် ၁၄ ရက်ကြာ သီးခြားခွဲထားပြီး quarantine နေထိုင်ခဲ့ကြရပြီးမှ ထောင်ထဲသို့ ပို့ခံရခြင်း ဖြစ်ပြီး ပေးပို့သည့် ရက်စွဲများလည်း မတူကြချေ။

ထောင်ထဲသို့ ဝင်လာသူတိုင်းကို Covid-19 ဆေးစစ်ခြင်းသည် ထောင်လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံထာစးရကြောင်း စစ်ဆေးအတည်ပြုသည့် အကျဉ်းသားများကို အခြားအကျဉ်းသားများနှင့် အတူမထားဘဲ သီးခြား ခွဲခြားထားသည်။

အတည်ပြုလူနာ အကျဉ်းသားအသစ် ၃ ဦး ကို အသစ်ရောက်ရှိလာသော အကျဉ်းသားများနှင့်သီးခြားစီ ခွဲခြား၍ ထားခြင်းကို ချက်ချင်း ဆောင်ရွက်ခဲ့သည်။ သီးခြား အကျဉ်းဆောင် အဆောက်အဦတွင် နေထိုင်စေခဲ့သည်။

ပထမဆုံး အတည်ပြုလူနာ အကျဉ်းသားသည် ဧပြီ ၂၁ ရက်၊ ဒုတိယ အတည်ပြုလူနာ အကျဉ်းသားသည် ဧပြီ ၂၂ ရက်နှင့် တတိယ အတည်ပြုလူနာ အကျဉ်းသားသည် မေလ ၉ ရက်တွင် အတည်ပြုလူနာဖြစ်ကြောင်း ဆေးစစ်သိရှိခဲ့သည်။

အတည်ပြုလူနာ အကျဉ်းသား သုံးဦးအနက် နှစ်ဦးတို့သည် နေကောင်းကျန်းမာနေကြပြီ ဖြစ်၍ အခြား အကျဉ်းသားများ ရှိရာအဆောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ ကျန်တစ်ဦးမှာ ပိုးမရှိ နှစ်ကြိမ် ဖြစ်ပြီးပြီ ဖြစ်သော်လည်း ပိုသေချာစေရန် သီးခြား ခွဲပြီး ထားရှိဆဲ ဖြစ်သည်။

SPS ၏ ကျန်းမာရေး ၀ န်ဆောင်မှုပေးသူမှ ၀ န်ထမ်းသူနာပြုသည် ဧပြီလ ၂၄ ရက်တွင် ဗိုင်းရပ်စ်ပိုးကူးစက်မှု အတည်ပြုခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ပြီး အလုပ်ပြန်ဆင်းနေပြီ ဖြစ်သည်။

ဧပြီလနှောင်းပိုင်းနှင့် မေလအစောပိုင်းတွင် ဖြစ်ပွားခဲ့သော ဤလူနာများအပြင် ထောင်များ၌ Covid-19 ဖြစ်ပွားမှုအသစ်များ မရှိကြောင်း SPS က ပြောကြားခဲ့သည်။

straitstimes.com

 

Read times
Rate this item
(0 votes)