What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 10:57

စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ ဝန်ဆောင်မှု ရယူနိုင်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာမြင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့်အခြေအနေ၊ အခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေးပံ့ပိုးမှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဖုန်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရပါသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းပျံ့နှံ့ ကူးစက်လာခြင်းမှကာကွယ်ရန် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုသည့်နေရာ၊ အဆောက်အအုံ (Quarantine Facility)၊ အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိနေအိမ်တွင်သာနေထိုင်ရခြင်း(Home Quarantine)နှင့် အိမ်ထဲမှာသာနေရခြင်း(Stay at Home)ကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများတွင် ထိခိုက်လာပြီး ထိတ်လန့်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းစသည့် စိတ်ဖိစီးမှုများ ခံစားရနိုင်သည်။

 

ထို့ကြောင့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေးခြင်းကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည် နယ်များရှိ အထူးလေ့ကျင့်ပေးထားသော လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများက နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝန်ဆောင်မှုပေးလျက်ရှိပြီး ဝန်ဆောင်မှုရယူသူများ၏ သတင်းအချက်အလက်မပေါက်ကြားရေးကို အထူးအလေးထားကာကွယ်ပေးသွားမည်ဖြစ်ကာ အခြားလူမှုရေးနည်းလမ်းဖြင့် ကူညီဆောင် ရွက်ပေးရန်လိုအပ်ပါက ဆက်လက်ညွှန်းပို့ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုရယူမှုသည် အခမဲ့ဖြစ်ပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ အောက်ပါ ဇယားပါအတိုင်းဖြစ်ပါသည်။

 

MOI Webportal Myanmar

120091763_2692672290954322_7555114834414287382_o.jpg

Read times
Rate this item
(0 votes)