What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 09 August 2020 20:29

(၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း Ministry of Health and Sports, Myanmar

၁။ (၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၅၂၆)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၇၁) ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၆၆) ခု
- စုစုပေါင်း (၁,၀၆၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိပါသည်။

၂။ (၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၆၀) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၁)ဦး (Case-350) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၁၂) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၀၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၈-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၉-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၉) ဦးရှိပါသည်။
(ယနေ့ (၉-၈-၂၀၂၀) အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပြီးဖြစ်သဖြင့် (၉-၈-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန်မရှိပါ။)

Image may contain: text that says '(၉-၈-၂၀၂ လူနာ အမှတ် စဥ် အသက် ကျား/ ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု (၉-၈- ၂၀၂၀) ရက်နေ့ ည (၈း၀၀) COVID-19 ရောဂါ ပြည်ပသို့ အတည်ပြု ခရီးသွား ဆေးကုသမှု လူနာများနှင့် ရာဇဝင် ရှိ မရှိ ခံယူစေမည့်ဆေးရုံ ထိတွေ့မှု နေရပ်လိပ်စာ ၅၃နှစ် ကျား COVID-19 ဓာတ်ခွဲအဖြေ ကလေး ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မှတ်ချက် (အမေရိကန် နိုင်ငံ) ဝေဘာဂီ ဝေဘာဂီ အထူးကုဆေးရုံကြီး တွေ့ရှိ တွေ့ရှိ အသွားအလာ ကန့်သတ်ထားရှိသူ (မင်္ဂလာဒုံမြို့နယ်)'

No photo description available.

Image may contain: text that says '(ယခုသတင်းထုတ်ပြန်ချိန်အထိ) COVID-19 လူနာများအခြေအနေ (၉-၈- ၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အသစ် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (confirmed) ယခုအထိ စုစုပေါင်း (၁) ဦး ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (recovered) (၃၆၀) ဦး (၁) ဦး (၃၁၂) ဦး သေဆုံးလူနာ (death) (ဝ) ဦး (၆) ဦး'

Read times
Rate this item
(0 votes)