What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 August 2020 16:22

စစ်တွေမြို့ ၌ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးလာနေတဲ့အတွက် သြဂုတ် ၂၁ ရက်နေ့ကစတင်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

 

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ အများပြည်သူတွေကို အချိန်တိုအတွင်း ကူးစက်ခံရမှု မရှိစေဖို့နဲ့ အချိန်မီ ထိန်းသိမ်းနိုင်ဖို့ အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်ရတာလို့ ရေးသားထားပါတယ်။

 

ညမထွက်ရ အမိန့်မှာ ည ၉ နာရီက မနက် ၄ နာရီထိ ၂ လ ဖြစ်ပြီး အများပြည်သူ အကျိုးငှာ ရည်ရွယ်ထုတ်ပြန်တဲ့ အမိန့်ဖြစ်တာကြောင့် လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ဆိုပါတယ်။

 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားလာနေပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့ညနေအထိ အတည်ပြုလူနာ ၁၈ ဦးနဲ့ စောင့်ကြည့်လူနာ ၁၁ ဦးထိ ရှိတယ်လို့ သိရပါတယ်။

 

လင်းလက် (DVB Burmese)

Read times
Rate this item
(1 Vote)