What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 April 2020 18:11

ဆေးဝါးထုတ်လုပ်ရေး စက်ရုံများကို ပထမ ဦးစားပေးအနေဖြင့် စစ်ဆေး

မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီးမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့အစည်းများသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ စစ်ဆေးသွားမည် ဖြစ်သည်။

 

ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အထိ လိုက်လံ စစ်ဆေးသွားမည် ဖြစ်ပြီး အောက်ဖော်ပြပါ ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၁။ ဆေးဝါးထုတ်လုပ်ရေး စက်ရုံများ

၂။ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများ

၃။ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ

၄။ လုပ်သားဦးရေ ( ၁,၀၀၀ ) နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ

၅။ အခြားစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ

HPD.png

Su Mon Oo ( Mine )

Read times Last modified on Tuesday, 21 April 2020 18:19
Rate this item
(0 votes)