What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 08:01

နှာခေါင်းစည်း (Mask) များကို ပုံမှန်ဈေးနှုန်းအတိုင်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးခြင်း

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ တိုက်တွန်းချက်အရ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်ရောင်းချသည့် အသင်းဝင်စက်ရုံများအနေဖြင့် နှာခေါင်းစည်းများကို

ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန်နှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်စုံစမ်းနိုင်ရန် တိုက်တွန်းအသိပေးအပ်ပါတယ်။

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ လတ်တလောဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID-19)ရောဂါကူးစက်မှုသည် ဩဂုတ်လ ၁၆ ရက်နေ့မှစတင်၍ ပြည်တွင်းကူးစက်မှု (Local Transmission) များအဖြစ် ပြန်လည်တွေ့ရှိလာရပြီး ၎င်းကူးစက်လူနာများနှင့် ထိတွေ့မှုရှိခဲ့သူ အများအပြားလည်း သီးသန့်ထားစောင့်ကြည့်ခံရလျက်ရှိပါသည်။

၂။ ထို့ကြောင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အနေဖြင့် အသင်းဝင်စက်ရုံများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် အသိပေး နှိုးဆော်စာ ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ ထိုသို့ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် COVID-19 ရောဂါ ဒုတိယလှိုင်းသတိပေးချက်များကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း (Mask) များ၏ ဈေးနှုန်းမှာ ၃ ဆနှင့် ၅ ဆအကြား ချက်ချင်း ခုန်တက်သွားသည်ကို စုံစမ်းသိရှိရပါသည်။

၄။ သို့ပါ၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင်စက်ရုံများထဲမှ နှာခေါင်းစည်း ချုပ်လုပ်ရောင်းချနေသော စက်ရုံများအနေဖြင့် အသင်းသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် နှာခေါင်း စည်းများကို ယခင်ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။

၅။ ထို့အပြင် နှာခေါင်းစည်းဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းသို့ ဆက်သွယ် စုံစမ်းလာပါက နှာခေါင်းစည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

နှာခေါင်းစည်းချုပ်လုပ်ရောင်းချသည့် စက်ရုံများနှင့် နှာခေါင်းစည်း ဝယ်ယူလိုသူများ ဆက်သွယ်ရန်

ဖုန်းနံပါတ် - +95 1 2314029, 2300253

အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.၊ This email address is being protected from spambots. You need JavaScript enabled to view it.

ဥက္ကဌ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

Image may contain: text

Read times
Rate this item
(1 Vote)