What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 October 2021 21:44

ကျောင်းသားကျောင်းသူများအား ထိုးနှံပေးရန် Sinovac ၂သန်း ရောက်ရှိ

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံလှူဒါန်းပေးအပ်သော ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၂ သန်း ထဲမှ

ပထမဆုံးအသုတ် ကြိမ်ရေ ၁ သန်းသည် အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် ၁ သန်းသည် အောက်တိုဘာလ ၁၄ ရက်နေ့တွင်လည်းကောင်း၊

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အမျိုးသား Vaccine ထိုးနှံရေးအစီအစဉ်အရ ယခုအသုတ်လှူဒါန်းပေးအပ်သည့် Sinovac Vaccine များကို အသက် ၁၂ နှစ်နှင့်အထက်လူငယ်ကျောင်းသားကျောင်းသူများအား ထိုးနှံပေးရန် အသုံးပြုမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ရေးထိုးဆေး စုစုပေါင်း ကြိမ်ရေ ၂၂.၆ သန်း ရောက်ရှိခဲ့ပြီ ဖြစ်ပြီး ယင်းတို့အနက် ကြိမ်ရေ ၅.၉ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်သည်။

Read times
Rate this item
(0 votes)