What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 10:08

ကိုဗစ်-၁၉ ကြောင့် မကွေး-အမ်း-စစ်တွေ ခရီးသွားလာခွင့် ယာယီရပ်ဆိုင်း

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မကွေး-အမ်း-စစ်တွေ ခရီးသွားလာခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့ကစလို့ ယာယီရပ်ဆိုင်းထားတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း များပြားလာတဲ့အတွက် ကုန်းလမ်း၊ လေကြောင်း ခရီးသွားလာခွင့်တွေကို ယာယီရပ်ဆိုင်းလိုက်တာလို့ မကွေးတိုင်း ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက DVB ကို ပြောပါတယ်။



“စစ်တွေမြို့ကနေ ရန်ကုန်၊ နေပြည်တော်ကို သွားမယ့် ခရီးသည်တင်ယာဉ်တွေကို မကွေးတိုင်းအတွင်း ရပ်နားခွင့်မပေးဘဲ ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး ကုန်တင်ကားတွေကိုတော့ စိစစ်ပြီး ဖြတ်သန်းခွင့်ပေးမယ်။”

 


မကွေးလေကြောင်းလိုင်း တာဝန်ခံ ဦးစံထွေးက “အရင်က တပတ်ကို သုံးကြိမ် ပြေးဆွဲပေးနေတဲ့ မကွေး-အမ်း-စစ်တွေခရီးစဉ်ကို သြဂုတ် ၂၁ ရက်နေ့ကနေစလို့ နှစ်ပတ်ခန့် ယာယီရပ်နားထားပြီး အခြေနေ စောင့်ကြည့်မှာဖြစ်တယ်။ အရင်ပြေးဆွဲပေးနေတဲ့ ရန်ကုန်-မကွေး-အမ်း-စစ်တွေ ခရီးစဉ်အစား ရန်ကုန်-မကွေး-ညောင်ဦး ခရီးစဉ်ကို ဆက်လက်ပြေးဆွဲမှာဖြစ်လို့ မကွေးကနေ ရန်ကုန်ကို ခရီးသွားလာခွင့်ပြုထားတယ်” လို့ ပြောပါတယ်။

 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သြဂုတ်လ ၁၆ ရက်နေ့က CB ဘဏ်ဝန်ထမ်း အမျိုးသမီးတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဒီနေ့မနက်အထိ ရောဂါပိုးတွေ့ရှိသူ ၄၄ ဦးရှိပြီလို့ သိရပါတယ်။

 

မင်းထီး (DVB Burmese)

Read times
Rate this item
(0 votes)