What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 23:46

ယနေ့အင်းစိန်ပိုးတွေ့သူလက်ကျန် ၉ ဦး၌ ၃ ဦးလိပ်စာမှန် မသိရသေး

ယနေ့အင်းစိန်မှ ကိုဗစ်ပိုးတွေ့ရှိသူ ၈၈ ဦးရှိကြောင်း ထုတ်ပြန်ပြီးဖြစ်ပါသည်။

 

ထို ၈၈ ဦးတွင် နံနက်ပိုင်း က ၄ ဦးနှင့် ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ပါးကို အသိပေးပြီးဖြစ်ရာ ၉ ဦးကျန်ရှိနေပါသည်။

 

လက်ကျန် ၉ ဦးအနက် ၃ ဦးမှာ အမျိုးသားများဖြစ်ပြီး အမည်၊ အသက်နှင့် အင်းစိန်ဟုသာဖော်ပြထားပါသဖြင့် လိပ်စာအမှန်သိရှိရေး ဆက်လက်စုံစမ်းလျက်ရှိပါသည်။

 

ကျန် ၆ ဦးမှာ အင်းစိန်မြို့နယ်အတွင်းရှိ-

-ဖော့ကန်ရပ်ကွက်၊ သိရီလမ်းမှ အမျိုးသမီး ၁ ဦး။
-စဉ့်ငူရပ်ကွက်၊ စံပယ်လမ်းမှ အမျိုးသမီး ၁ ဦး။
-တောင်သူကုန်းရပ်ကွက်၊ ဟေမာဂနိုင်ကျောင်းလမ်းမှ
အမျိုးသမီး ၁ ဦး။
-တောင်သူကုန်းရပ်ကွက်၊ အောင်မင်္ဂလာ ၁ လမ်းမှ အမျိုးသမီး ၁ ဦး။
-ရွာမအရှေ့ရပ်ကွက်၊ အေးသိဒ္ဓိလမ်းမှ အမျိုးသမီး ၂ ဦး တို့ဖြစ်ပါသည်။

 

လိပ်စာအမှန် အတိအကျမသိရခြင်းများသည် တစ်ချို့လူနာများမှာ မိမိတို့နေရပ်လိပ်စာကိုပင် သေသေချာချာမပြောပြတတ်‌သောကြောင့်ဖြစ်သည်။

 

တစ်ချို့က အလည်လာ‌နေသူ ဧည့်သည်များဖြစ်၍ အင်းစိန်ဟုသာ အလွယ်တကူ ပြောပြလိုက်ခြင်း၊ တစ်ချို့က ရပ်ကွက်လောက်သာပြောပြီး လမ်း၊ အိမ်နံပါတ် မပြောထားခြင်းများကြောင့်လည်း မြေပြင်တွင် လိပ်စာအတည်ပြုရန် ခက်ခဲလှပါသည်။

 

မိမိတို့ ရပ်ကွက်များထဲမှ အုပ်ချုပ်ရေး၊ ကျန်းမာရေးဌာနများ အစီအမံဖြင့် Q ဝင်နေသူများ၊ ဆေးရုံတက်ကုသမှုခံယူနေသူများ စာရင်းကို ချက်ချင်းသိနိုင်သော်လည်း တစ်ချို့က ကိုယ့်အစီအစဉ်ဖြင့်ကိုယ် Hotel Q သွားဝင်နေကြခြင်း၊ တစ်ချို့က နယ်ဝေးရောက်နေပြီး နယ်မှ ဆေးစစ်ချက်ယူရာ လိပ်စာကို အင်းစိန်ဟုပေးထားသဖြင့် လူကိုယ်တိုင်မရှိ၍ ရှာရခက်ခြင်းများ ကြုံတွေ့နေရပါသောကြောင့် တခါတလေ သတင်းထုတ်ပြန်ရန် နောက်ကျနေရခြင်းများအပေါ် နားလည်ခွင့်လွှတ်ပေးကြပါရန် အသိပေးအပ်ပါသည်။

ဝေဖြိုးဟန်

Read times
Rate this item
(0 votes)