What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 11:20

စစ်တွေမြို့နယ်တွင် ကူးစက် မြန်ဆန်နေသည့် COVID-19 ဖြစ်ပွားမှု

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရပါသည်။ ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာပါသည်။

 

ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါသည်။

 

Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

 

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက်လိုက်နာဆောင်ရွက် ကြပါရန် အထူးလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read times
Rate this item
(1 Vote)