What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 August 2020 10:22

စမ်းချောင်းမြို့နယ် နှင့် လှိုင်မြို့နယ် တွင် ရခိုင်ပြည်မှ ပြန်ရောက်လာသူ စုစုပေါင်း ၄၅ ဦးကို Quarantine ထားရှိ

စမ်းချောင်းမြို့နယ် နှင့် လှိုင်မြို့နယ် တွင် ရခိုင်ပြည်မှ ပြန်ရောက်လာသူ စုစုပေါင်း ၄၅ ဦးကို Quarantine ထားရှိ Photo DrWH

စမ်းချောင်းမြို့နယ်

 

ရခိုင်ပြည်နယ်မှ ဩဂုတ်လ (၂၁) ရက်နေ့ နောက်ပိုင်းရောက်လာသူများကို လူထုအခြေပြု ကွာရတင်း စင်တာများတွင် ပို့ဆောင်ထားပြီး ဩဂုတ်လ (၁၀) ရက်မှ (၂၀) ရက်အတွင်းရောက်လာခဲ့သောသူများကို ​ခြေရာခံ၍ နေအိမ်ကွာရတင်းသတ်မှတ်ထားရှိလျှက်ရှိသည်။

 

စမ်းချောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ဩဂုတ်လ (၂၁) ရက်နေ့ နောက်ပိုင်းရောက်လာသူ (၈) ဦးကို  နေအိမ် ကွာရတင်း (Home Quarantine ) ထားရှိထားတယ်လို့ သိရပါတယ်။ ၎င်းတို့အား နှာခေါင်းနှင့်အာခေါင် တို့ဖတ်များယူ၍ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျှက်ရှိသည်။ 

 

ဩဂုတ်လ(၂၁) နောက်ပိုင်းမှ ဝင်ရောက်လာသူ (၄) ဦးသည် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(မြောက်) ရပ်ကွက် မှ သုံးဦး နှင့် ကျွန်းတောတောင်ရပ်ကွက် မှ တစ်ဦးတို့အား လှိုင်မြို့နယ်ရှိ လူထုအခြေပြုကွာရတင်းစင်တာ သို့ပို့ဆောင်ထားရှိပါတယ်။

 

လှိုင်မြို့နယ်

 

လှိုင်မြို့နယ်COVID-19ကော်မတီ၊တိုင်း၊မြို့နယ် ကျန်းမာရေး၊လူမှု့ရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး လွန်ခဲ့သော ၁၆.၈၂၀၂၀ နေ့နှင့်နောက်ပိုင်း ရခိုင်ပြည်နယ်မှ လှိုင်မြို့နယ်သို့ရောက်ရှိလာသူ ၃၇ဦးအား ကမာရွတ်မြို့နယ် သံဗျင်ဆောင်သို့ပို့ဆောင်ပြီး နှာခေါင်းတို့ဖတ်ယူ၍ ရောဂါရှိ မရှိ စစ်ဆေးရန် ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


တွေ့ရှိချက် အဖြေများကိုလည်း အသိပေးကြေညာပေးသွားမည်ဖြစ်ပြီးပြည်သူများ စိတ်ပူပန်မှုကင်းစွာ နေထိုင်နိူင်ရန် အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း အရေးယူဆောင်ရွက်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

By Myanmar Health Guide

Read times
Rate this item
(0 votes)