What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 December 2021 10:46

အိုမီခရွန်စတွေ့လာချိန် ပြည်ပက ပြန်လာသူတွေကို ဘယ်လို ကိုဗစ်စစ်ဆေးထိန်းချုပ်နေသလဲ

အိုမီခရွန်စတွေ့လာချိန် ပြည်ပက ပြန်လာသူတွေကို ဘယ်လို ကိုဗစ်စစ်ဆေးထိန်းချုပ်နေသလဲ

ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့တဲ့ ဓာတ်ခွဲနမူနာ ၃၀ ကို စစ်ဆေးခဲ့ရာကနေ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ရှိသူ ၄ ယောက်ကိုတွေ့ရှိခဲ့ရတယ်လို့ မနေ့က စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ပထမဆုံး စတွေ့ရတာ ဖြစ်ပါတယ်။

 

ဘယ်ကိုကန့်သတ်မှုတွေ လုပ်နေသလဲ
လက်ရှိမှာ ပြည်ပကနေ လေကြောင်းကတစ်ဆင့် ဝင်လာသူတွေဆီက ကိုဗစ်ဂါမကူးစက်အောင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူတွေကို ကွာရန်တင်း ကာလ ၇ ရက်ထားပြီး ကိုဗစ်ရှိမရှိ စစ်ဆေးမှု ၂ ကြိမ် ပြုလုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထံက သိရပါတယ်။

ကာကွယ်ဆေး အကြိမ်ပြည့်မထိုးရသေးသူတွေဆိုရင်တော့ ကွာရန် တင်းကာလ ၁၀ ရက် နေရပြီး ကိုဗစ်ရှိမရှိ စစ်ဆေးခံရမှာပါ။

အခုနောက်ပိုင်း မြန်မာနိုင်ငံထဲဝင်လာမယ့် ကာကွယ်ဆေးမထိုးရသေးသူတွေကို ကိုဗစ်ရှိမရှိ ၃ ကြိမ်အထိ စစ်ဆေးဖို့ စီစဥ်နေပါတယ်။



ထိုင်းကိုပို့ စစ်ခဲ့ရ
အခု ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်တွေ့ခဲ့သူ ၄ ဦးဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းကနေ လေကြောင်းကတစ်ဆင့်ဝင်ရောက်လာသူတွေဖြစ်ပြီး ကွာရန်တင်းဝင်ခိုင်းခဲ့သူတွေဖြစ်လို့ ကူးစက်ပြန့်ပွားမှုမရှိအောင် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ကတည်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇတွေကို စတင်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်မှ အိုမီခရွန်တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ဒါဟာ အိုမီခရွန်မျိုးကွဲစစ်ဆေး အတည်ပြုဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရည်ညွှန်းတဲ့ ထိုင်းနိုင်ငံက ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးပြီးမှ သိရှိရတာကြောင့်ဖြစ်တယ်လို့ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပြပါတယ်။

 

ပိုးတွေ့သူတွေအခြေအနေ


ပြည်ပက ပြန်လာပြီး အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ ၄ ဦး မှာ ၁ ဦးမှာသာ သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် ၃ ဦးမှာ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပိုးတွေ့သူ ၄ ဦးလုံးကို အိမ်ပြန်လွှတ်လိုက်ပြီး ကျန်းမာရေးကောင်းမွန်နေတယ် လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူတို့တွေဟာ ကိုဗစ်အကန့်အသတ် ကွာရန်တင်းရက်နဲ့ ကုသရေးရက် အပြည့်ဖြတ်သန်းသွားပြီး ကျန်းမာနေကြောင်းနဲ့ မိသားစုတွေကိုလည်း ကူးစက်မှု မရှိကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

တခြားကိုဗစ်မျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တဲ့ အိုမီခရွန်မျိုးကွဲသစ်ကြောင့် ကူးစက်မှု တိုးလာတဲ့နိုင်ငံတွေမှာတော့ ခရီးသွားလာမှု ပိတ်ပင်တာတွေ၊ ကိုဗစ်အကန့်အသတ်တွေကို ထပ်မံပြုလုပ်တာတွေနဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူတွေကို အားမြှင့်ထိုးတာတွေ ပြုလုပ်နေကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပြီးသူ ၁၅ သန်းကျော်နဲ့ ပထမအကြိမ် ထိုးပြီးသူ ၅ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 BBC

Read times Last modified on Thursday, 30 December 2021 10:52
Rate this item
(0 votes)