What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 September 2020 13:56

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုပြင်ပလူနာဌာများ ယာယီပိတ်ထားမည်

၄.၉.၂၀၂၀ ရက်နေ့မှ စ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုပြင်ပလူနာဌာများ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ အခြား ဌာနများ ပုံမှန်အတိုင်းဖြစ်ပါတယ်။

 

အရေးပေါ် လူနာများပုံမှန်အတိုင်းကုသပေးပါမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေငြာသွားမယ်လို့ သိရပါတယ်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဓာတ်ရောင်ခြည် ဌာန​၏ ပြင်ပလူနာကြည့်ရှုခြင်းကို အောက်ပါအတိုင်းဆောင်ရွက်မည်ဖြစ်ပါသည်။

 

(၁) လူနာအသစ်များကို ၁ ရက်လျှင် (၃၀) ယောက်သာ လက်ခံကြည့်ရှုမည်ဖြစ်ပါသည်။

 

(၂) ဆေးသွင်း ရောင်ခြည်ပြ နှင့် ပုံမှန် OPDကို ၁ ရက်လျှင် (100) ယောက်သာ လက်ခံကြည့်ရှုမည်ဖြစ်ပါသည်။(နံနက်၉- ၁၁ နာရီ)

 

(၃)သွေးအဖြေ(Day 10)ပြမည့်လူနာများ Radiation Oncology Department Facebook Page သို့


Messenger မှ တဆင့် ဆေးစာအုပ် နှင့်သွေးအဖြေဓာတ်ပုံရိုက်၍ နံနက် ၉နာရီမှ ၁၂နာရီ အတွင်းပို့ရန်(အစိုးရရုံးပိတ်ရက်များမပါ)

 

(၄) ဆေးသွင်းပြီး ဓာတ်ရောင်ခြည် ပြီးသော လချိန်းလူနာ(follow up) ကြည့်ရှုခြင်းကို(အရေးပေါ်အခြေအနေမဟုတ်ပါက)စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။

 

(၅) Ward များမှ Chart Show မှာ လူနာ မပါ Chart သာ အရင်လာ Show ပါရန်။

Read times
Rate this item
(0 votes)