What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 February 2020 08:37

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ယနေ့ (၂၇-၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိ သော-

(က) မူဆယ်မြို့နယ်ဆေးရုံမှ အသက် (၂၃) နှစ်အရွယ် အမျိုးသား (၁) ဦး နှင့်

(ခ) ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက် (၃၂) နှစ် အရွယ် အမျိုးသား (၁) ဦး

စုစုပေါင်း (၂) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၃။ ယနေ့ (၂၇-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော လူနာများမရှိပါကြောင်းနှင့် (၂၇-၂-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နိုင်ငံ (၃၈) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

(ပုံများ = မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ဂုံတောကျေးရွာရှိ ကျေးရွာနေပြည်သူများကို ကျန်းမာရေးစကားဝိုင်းငယ်ဖြင့် COVID-19 ရောဂါကာကွယ်မှုနှင့် သံသယလက္ခဏာလူနာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေးအသိပေးနှိုးဆော်နေမှု နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် အရေးကြီးသည့် စနစ်တကျလက်ဆေးနည်း ကျန်းမာရေးအသိပညာပေးနေမှု)

Ministry of Health and Sports, Myanmar

 

(Zawgyi)

======

Coronavirus Disease 2019 (COVID-19) လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၂၇-၂-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ တြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

 

၂။ ယေန႔ (၂၇-၂-၂၀၂၀) ရက္ေန႔၊ နံနက္ပိုင္းတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ ျပန္ၾကားခ်က္အရ သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိ ေသာ-

(က) မူဆယ္ၿမိဳ႕နယ္ေဆး႐ုံမွ အသက္ (၂၃) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦး ႏွင့္

(ခ) ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွ အသက္ (၃၂) ႏွစ္ အ႐ြယ္ အမ်ိဳးသား (၁) ဦး

စုစုေပါင္း (၂) ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ Coronavirus Disease 2019 (COVID-19) ဗိုင္းရပ္စ္ ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။

 

၃။ ယေန႔ (၂၇-၂-၂၀၂၀) ရက္ေန႔၊ ည (၈း၀၀) နာရီအခ်ိန္အထိ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးလ်က္ရွိေသာ လူနာမ်ားမရွိပါေၾကာင္းႏွင့္ (၂၇-၂-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕အပါအဝင္ ကမာၻ႔ႏိုင္ငံ (၃၈) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာေပး အခ်က္အလက္မ်ားအား တိက်စြာ လိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။

 

(ပုံမ်ား = မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခ႐ိုင္၊ ဂုံေတာေက်း႐ြာရွိ ေက်း႐ြာေနျပည္သူမ်ားကို က်န္းမာေရးစကားဝိုင္းငယ္ျဖင့္ COVID-19 ေရာဂါကာကြယ္မႈႏွင့္ သံသယလကၡဏာလူနာမ်ားေတြ႕ရွိပါက က်န္းမာေရးဌာနသို႔ အေၾကာင္းၾကားရန္ က်န္းမာေရးအသိေပးႏႈိးေဆာ္ေနမႈ ႏွင့္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕တြင္ COVID-19 ေရာဂါကာကြယ္ေရးအတြက္ အေရးႀကီးသည့္ စနစ္တက်လက္ေဆးနည္း က်န္းမာေရးအသိပညာေပးေနမႈ)

Ministry of Health and Sports, Myanmar

Read times Last modified on Friday, 28 February 2020 08:44
Rate this item
(1 Vote)