What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 September 2020 21:40

မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိစပ်မှု ရှိသော အိမ်ထောင်စု ၃၉စု အား Lock Down ပြုလုပ်

မရမ်းကုန်းမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာနှင့် ထိစပ်မှု ရှိသော အိမ်ထောင်စု ၃၉စု အား Lock Down ပြုလုပ်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၄ရက်နေ့ မနက် ၈နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အတည်ပြုလူနာဦးရေ ၂၂ဦးစာရင်းတွင် ဖော်ပြခဲ့သည့် မရမ်းကုန်းမြို့နယ်မှ အတည်ပြုလူနာ ၂ဦးနှင့် ထိစပ်မှု ရှိထားသူများ ဖြစ်သည်။

Lock Down ချခံထားရသည့် အိမ်ထောင်စုများမှာ
(၂)ရပ်ကွက်ရှိ မာလာ(၃)လမ်းမှ အိမ်ထောင်စု (၈)စု၊
ဒေါ်လှပန်းလမ်းမှ အိမ်ထောင်စု (၂၀)စု၊
ဦးရေခဲလမ်းမှ အိမ်ထောင်စု(၂)စုနှင့်
(၈) ရပ်ကွက် သမာဓိ (၆)လမ်းမှ အိမ်ထောင်စု(၉)စုတို့ဖြစ်သည်။

Lock Down ပြုလုပ်ခံရသည့် အိမ်ထောင်စု ၃၉စုအတွက် သက်ဆိုင်ရာမြို့နယ်လွှတ် တော်ကိုယ်စားလှယ်များနဲ့ We Love Yangon တို့ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ လှူဒါန်းသွားမည်ဟု သိရသည်။

Read times
Rate this item
(0 votes)