What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 December 2020 16:43

ကိုဗစ် ကာကွယ်ဆေး Pfizer ကို ရှေ့တပတ် UK တွင် အတည်ပြု ထိုးနှံပေးသွားမည်

ကိုဗစ် ကာကွယ်ဆေး Pfizer ကို ရှေ့တပတ် UK တွင် အတည်ပြု ထိုးနှံပေးသွားမည် BBC UK

UK နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ပထမဆုံး Pfizer/BioNTech ကိုဗစ်ကာကွယ်ဆေးကို အကျယ်တဝန်းအသုံးပြုတော့မည် နိုင်ငံတစ် နိုင်ငံ ဖြစ်လာပါပြီး..။

 

British regulator The MHRA ရဲ့ Jab ၏ ပြောဆိုချက်အရ corona virus ရောဂါကြောင့် နာမကျန်းဖြစ်ခြင်းကို ၉၅ ရာခိုင်နှုန်းကာကွယ်ပေးတယ်လို့ သိရပြီး ရှေ့တပတ်မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရသည်။ ကာကွယ်ဆေးထိုးဖို့လိုအပ်တဲ့သူတွေနဲ့ သက်ကြီးရွယ်အို လူကြီးတွေကို အချိန်တိုအတွင်းမှာ ထိုးနှံပေးသွားမယ်လို့ သိရသည်။

 

လက်ရှိမှာတော့ UK က ကာကွယ်ဆေးကို လူဦးရေ ၂၀ မီလီယံ ထိုးနှံဖို့အတွက် ကာကွယ်ဆေး ၄၀ မီလီယံ လောက်ကို မှာထားသည်။ လူဦးရေ ၁၀ မီလီယံအတွက် ကာကွယ်ဆေး သတ်မှတ်ထားပြီး ရက်အနည်းငယ်အတွင်းမှာ ပထမဦးဆုံး ကာကွယ်ဆေး ၈၀၀,၀၀၀ ခုရေ ရောက်ရှိမှာ ဖြစ်သည်။ ဆယ်စုနှစ်အတွင်းမှာ ကာကွယ်ဆေး အမှန်တကယ်ပေါ်ထွက်လာဖို့အတွက် ၁၀ လသာ အချိန်ပေးဆပ်ခဲ့ရကြောင်း သိရသည်။

 

ကျန်းမာရေးအတွင်းရေးမှူး Matt Hancock က " အကူညီတွေက အမှန်တကယ်ရောက်ရှိလာပြီ" လို့ BC Breakfast ကို ပြောသည်။ NHS အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sir Simon Stevens က ယခုလာမယ့် ကျန်းမာရေး ဝန်ဆောင်မှုက (ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း) UK ကျန်းမာရေးသမိုင်းမှာ အကြီးမားဆုံး ဝန်ဆောင်မှု တစ်ခုဖြစ်တယ်လို့ ပြောသည်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ဆေးရုံ အခု ၅၀ နဲ့ ကာကွယ်ဆေးထိုးစင်တာတွေကလဲ အဆင်သင့်ဖြစ်နေပြီလို့ ပြောသည်။

 

ကျွမ်းကျင်ပညာရှင်များ ပြောကြားချက်အရ ကာကွယ်ပေါ်ထွက်လာပြီ ဖြစ်သော်လည်း ကိုဗစ်ရောဂါမပြန့်ပွားစေရန် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေအတိုင်း ဆက်လက်နေထိုင်သွားသင့်တယ်လို့ ပြောသည်။ အ့ဒါတွေက လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှ နေခြင်း ၊ Mask များဝတ်ဆင်ခြင်း ၊ မိမိကိုယ်ကို သံသယ ရှိပါက တစ်ဦးထဲ သီးခြားခွဲနေသင့်ကြောင်း ဖြစ်ပါတယ်။

 

ဘယ်လို ကာကွယ်ဆေးမျိုးလဲ...?

 

ကိုဗစ်ရောဂါပိုးကနေ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးနိုင်အောင် အနေအထားတစ်ခုဖြစ်အောင် Genetic Code ရဲ့ အသေးစာအစိတ်အပိုင်းလေးတွေကို အသုံးပြုပြီး တီထွင်ထားတဲ့ဆေးဖြစ်ပါသည်။ ထိုဆေးအသစ်ကို mRNA လို့ ခေါ်သည်။ ထို mRNA ကာကွယ်ဆေးကို ကိုယ်တိုင်စနစ်ဖြင့် ထိုးနှံခြင်းကို ခွင့်မပြု။ ဆေးရုံ ဒါမှမဟုတ် ဆေးခန်းတွေမှာအကြိမ်ရေအလိုက် ထိုးနှံခွင့်သာ ပြုထားသည်။ ထို mRNA ကာကွယ်ဆေးကို အအေးချိန် - 70 C အတွင်းထားရှိရမည်။ သည်ယူပို့ဆောင်ရာတွင် အအေးဗုံးတွင် ရေခဲခြောက်ဖြင့် ထားရှိပြီး သည်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ပါက ထိုကာကွယ်ဆေးသည် ၅ ရက် အသုံးခံမည် ဖြစ်သည်။

 

ဘယ်သူတွေကို ထိုးနှံပေးမှာလဲ...?

 

ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အရေးတကြီးလိုအပ်တဲ့သူတွေနဲ့ မလိုအပ်သူတွေကို စာရင်းပြုလုပ်ပြီး အရေးတကြီးလိုအပ်တဲ့သူတွေ ၊ ရောဂါဖြစ်နိုင်ခြေများတဲ့သူတွေကို ဆေးအရင်ဆုံးရရှိအောင် ဆောင်ရွက်ပေးမည်။ ဘိုးဘွားရပ်သာ ၊ မိဘမဲ့ဂေဟာ က လူတွေနဲ့ ဝန်ထမ်းတွေကို ဆောင်ရွက်ပေးမည်။ ဘာလိုလဲဆိုတော့ ဘိုးဘွားရိပ်သာက လူတွေက အသက် ၈၀ ကျော်တွေဖြစ်တယ်။

 

ပထမဦးဆုံး ကာကွယ်ဆေး အသုတ်ကို သက်ကြီးရွယ်အိုတွေနဲ့ နောက်တစ်သုတ်ကိုတော့ အသက် ၅၀ ကျော် အထက်က လူတွေကို ထိုးနှံပေးသွားမည်။ အကယ်၍ တခြားသောသူတွေမှာ ရောဂါအခံနှင့် တခြားသောရောဂါတွေကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါက ကျန်းမာရေးစာရွက်စာတမ်းများနှင့်အတူ ၂၀၂၁ ခုနှစ် ထဲမှာ ထိုးနှံပေးသွားမည်။ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရမည်။ တစ်ကြိမ်ထိုးနှံပြီးနောက် ၂၁ ရက်ပြီးနောက် ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံရမည်။

 

တခြားသော ကိုဗစ်ကာကွယ်ဆေး တွေကရော ဘယ်လိုလဲ...?

တခြားသော ကိုဗစ်ကာကွယ်ဆေး တွေလည်း သိပ်မကြာခင် ခွင့်ပြုချက်ရရှိတော့မှာ ဖြစ်သည်။ အခုဆိုရင် Pfizer ကာကွယ်ဆေး (ခွင့်ပြုချက်ရပြီ) နဲ့ Moderna ကာကွယ်ဆေး (ခွင့်ပြုချက်ရပြီ) နှစ်ခုအပြင် တခြားကိုဗစ်ကာကွယ်ဆေးတွေကိုလည်း ခွင့်ပြုချက် ရရှိတော့မှာ ဖြစ်လို့ နွေဦရာသီမတိုင်ခင် ကြိုတင်မှာယူနိုင်ပါသည်။ UK တွင် လူဦးရေ သန်း ၁၀၀ အတွက် Oxford University နှင့် AstraZeneca တို့မှ မတူညီတဲ့ ကိုဗစ်ကာကွယ်ဆေးကို မှာယူထားသည်။ အကယ်၍ ဆေးဝါးကို တွင်ကျယ်စွာအသုံးပြုလာနိုင်ခဲ့ရင် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကို ကာကွယ်တားဆီးနိုင်တော့မည်။

 

ရရှားမှာတော့ Sputnik လို့ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုပြီးတော့ တရုတ်စစ်တပ်မှာတော့ CanSino ဆေးဝါးသိပ္ပံပညာရှင်တွေ လုပ်တဲ့ ဆေးတစ်မျိုးကို အသုံးပြုခွင့်ပေးလိုက်သည်။ ၎င်း ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးစလုံးက Oxford ကိုဗစ်ကာကွယ်ဆေးပုံစံ နင့်အလားတူ ကာကွယ်ဆေးမျိုးဖြစ်သည်။

 

BY Myanmar Health Products Guide

 

Ref: BBC UK

Read times
Rate this item
(1 Vote)