What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 September 2020 17:38

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် COVID-19 ရောဂါစစ်ဆေးခြင်း အစီအစဉ် ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တို့တွင် COVID-19 ရောဂါစစ်ဆေးခြင်းအစီအစဉ် အပေါ် ကျန်းမာရေးဝန်ထမ်းများသာမက လူအများတို့က ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

 

ကိုယ်အပူချိန်တိုင်းကိရိယာပါရှိသော ကားများဖြင့် လှည့်လည်ကာ ကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်သည် ဆေးစစ်ခံရန် လူအများ စုရုံးကြရသဖြင့် လူစုလူဝေးများ အချိန်ကြာမြင့်စွာ ြဖစ်ပွားခဲ့ပြီးနောက် ကိုဗစ်ကူးစက်အောင် ဖန်တီးပေးနေသကဲ့သို့် ဖြစ်နေသည်ဟု ဝေဖန်ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။


COVID-19 ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုယ်အပူချိန်တိုင်း ကိရိယာပါရှိသော ကားများဖြင့်လှည့်လည် ကာ ကျန်းမာရေးစစ်ဆေးသည့်အစီအစဉ်ကို ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်း မြို့နယ်နှင့် ယနေ့ နေ့လည်ပိုင်းတွင် တာမွေမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ လူစုလူဝေးများဖြစ်ပေါ်ခဲ့သည်။

 

သင်္ဃန်းကျွန်း မြို့နယ်ရှိ ရပ်ကွက်အချို့တို့တွင် တစ်နေကုန်လူစုလူဝေးဖြင့် စောင့်ဆိုင်းနေခဲ့ကြရပြီး အချိန်မကျန်တော့သဖြင့် စစ်ဆေးမှု မခံယူလိုက်ရသည့်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကိုယ်အပူချိန်တိုင်းခြင်းဖြင့် ကိုဗစ် ရှိမရှိ မဆုံဖြတ်နိုင်ကြောင်းလည်း ဆေးပညာအရ ထောက်ပြဝေဖန်ခဲ့ကြသည်။

 

အလားတူ ကိုယ်အပူချိန်တိုင်းစစ်ဆေးခြင်းကို လာမဉ့် စက်တင်ဘာ ၁၀ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်တွင်ပြုလုပ်ရန် စီစဉ်ထားရာ ဝေဖန်ကန့်ကွက်မှုများကြောင့် အစီအစဉ်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

Read times
Rate this item
(1 Vote)