What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 08:39

COVID-19 လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့များ ရန်ကုန်တိုင်းဒေသကြီးသို့ လာမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့များ

ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်မံလာရောက်မည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ -
• ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊
• ဒုတိယညွှန်ကြားရေးမှူးချူပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်နှင့်
• ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင် တို့ ဦးဆောင်သည့် ကုသရေးပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် စီမံခန့်ခွဲမှုပညာရှင်များ ပါဝင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့သည် စက်တင်ဘာ (၁၅) ရက်နေ့ နံနက်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများနှင့် အသွားအလာကန့်သတ်ခြင်း (quarantine) လုပ်ငန်းများတွင် ထပ်မံပံ့ပိုးအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာန (လှိုင်)၊ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) နှင့် COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) တို့သို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် ဆေးနှင့် ဆေးပစ္စည်းများ ထပ်မံအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

Read times
Rate this item
(0 votes)