What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 September 2020 15:54

ရန်ကုန်မြို့တွင် Quarantine Center ဝင်ရောက်ခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာ

ရန်ကုန်မြို့တွင် Quarantine Center ဝင်ရောက်ခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များ ထုတ်ပြန်ကြေညာထားပါသည်။ 

 

 ၁။ ရန်ကုန်မြို့တွင် Quarantine ဝင်နေသူ လူဦးရေ ၆၀၀၀ ခန့်ရှိပါသည်။ ရခိုင်ပြည်နယ်မှ ပြန်လာသည့်လူဦးရေ ၁၀၀၀ ကို နှစ်ရက်အတွင်း နေရာထိုင်ခင်း ဖန်တီးပေးထားပါသည်။ ယခု Contact များလာသည့်အတွက် လူဦးရေ ၁ဝဝဝ ခန့်အတွက် Quarantine Center ၇ ခုအသစ်ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးထားပါသည်။ Quarantine Center ဝင်ရောက်သူများအား ရန်ကုန်မြို့ရှိ လူမှုရေး အသင်းအဖွဲ့များ၊  စေတနာ့ဝန်ထမ်းများအနေဖြင့် ကူညီရန် လာရောက်ဆက်သွယ်ပေးစေလိုပါသည်။

 

 ၂။ ရန်ကုန်မြို့သူ၊ မြို့သားများအနေဖြင့် Contact Tracing ကို ရှာသည့်အခါတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူရပ်ကွက်၌ ရှိနေပြီဆိုပါက စိုးရိမ်ထိတ်လန့်မှုမရှိစေဘဲ Quarantine Center များသို့ မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးရန် လိုအပ်ပါသည်။ 

 

၃။ Quarantine Center များသို့ ရောက်ရှိသွားပါက သတ်မှတ်ထားသည့် စည်းကမ်း ချက်များအား လိုက်နာနေထိုင်ကြစေရန်နှင့် Quarantine ဝင်ရောက်နေကြသူများ အား စားသောက်ဖွယ်ရာများ ပို့ဆောင်ရာတွင် အရက်သေစာနှင့် ဆေးလိပ်တို့ကို ထည့်သွင်းပို့ဆောင်ခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံလိုပါသည်။

 

 ၄။ ရန်ကုန်မြို့သူ မြို့သားများအနေဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဝန်ထုပ် ဝန်ပိုးများလည်း များပြားပါသည်။ သို့ဖြစ်၍ Stay Home သတ်မှတ်ကာလ ၂ ပတ်၊ ၃ ပတ်ခန့်အချိန်အတွင်း မိမိတို့နေအိမ်တွင် နေထိုင်ခြင်းဖြင့် စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်၊ မဖြစ်မနေပြင်ပသို့ သွားရောက်ရပါက Mask များ၊ မဖြစ်မနေတပ်ကြရန်၊ ရန်ကုန်မြို့သည် လူဦးရေများပြားသည့်အတွက် ယခုလို ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား အထူးဂရုပြု လိုက်နာကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Read times
Rate this item
(0 votes)