What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 09:23

ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ဧရာဝတီဘဏ် ဝန်ထမ်း အတည်ပြုလူနာ နှင့် ပတ်သက်ပြီး အသိပေးခြင်း

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် (ရန်ကုန်-၁၃) ဧရာဝတီဘဏ်ခွဲရှိဝန်ထမ်းတစ်ဦး နှင့် အလုံမြို့နယ်၊ River View Tower ရှိ ဧရာဝတီဘဏ် (ရုံးချုပ်) ရှိ၀န်ထမ်းတစ်ဦးတို့တွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း အတည်ပြု

 

၁။ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ဧရာဝတီဘဏ်ခွဲတွင် တာဝန်ထမ်း‌ဆောင်နေသော ဝန်ထမ်းတစ်ဦး နှင့် အလုံမြို့နယ်၊ River View Tower ဧရာဝတီဘဏ်ရုံးချုပ်တွင် တာ၀န်ထမ်းဆောင်နေသည့် ယာဥ်မောင်းတစ်ဦးတို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၈-၀၉-၂၀၂၀) နှင့် (၁၉-၀၉-၂၀၂၀) ရက်နေ့ ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲစစ်ဆေးမှု အဖြေအရ အတည်ပြုခဲ့ပါသည်။

 

တက္ကသိုလ်ရိပ်သာလမ်းသစ် ဧရာဝတီဘဏ်ခွဲရှိ ၀န်ထမ်းသည် ဧရာ၀တီဘဏ်၏ COVID-19 ရောဂါ ပြန့်ပွား ထိန်းချုပ်မှု အစီအစဥ်အရ အဖွဲ့များခွဲပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်စေရာတွင် (၁၁.၀၉.၂၀၂၀) မှ စတင်၍ Stay Home အနေဖြင့်ရှိခဲ့ပါသည်။ ရုံးချုပ်တွင် တာ၀န်ထမ်းဆောင်သည့် ယာဥ်မောင်းသည် (၁၆.၀၉.၂၀၂၀) အထိတာ၀န်ထမ်းဆောင်ခဲ့ပြီး၊ ယင်းနေ့တွင် Covid-19 ရောဂါနှင့် နီးစပ်တူညီသော ရောဂါလက္ခဏာများ စတင်ခံစားရ၍ အထက်အရာရှိအား သတင်းပေးပို့ခဲ့ပြီး (၁၇.၀၉.၂၀၂၀) သကႅန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ သတင်းပို့ စစ်ဆေးမှုများ ခံယူခဲ့ပါသည်။

 

လက်ရှိတွင် အဆိုပါ၀န်ထမ်း (၂)ဦးသည် ဆေးကုသမှု ခံယူလျက်ရှိပြီး ဧရာဝတီဘဏ်အနေဖြင့် ၎င်းဝန်ထမ်းများနှင့် မိသားစုဝင်များကိုလည်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။ အဆိုပါ၀န်ထမ်းနှင့် လုပ်ငန်းခွင်တွင် ထိတွေ့ဆက်ဆံမှုရှိသောသူများအား ထိတွေ့မှုခြေရာခံခြင်း (contact tracing) ကို တိကျစွာဆောင်ရွက်၍ လိုအပ်သော ၀န်ထမ်းများကို Facility Quarantine ထားရှိခဲ့ပြီးဖြစ်ပါသည်။

 

၎င်းဘဏ်ခွဲအဆောက်အဦ အတွင်းအပြင်များ၊ ရုံးသုံးပစ္စည်းများကိုလည်း စနစ်တကျ ပိုးသတ်သန့်စင်မှုများ ပြုလုပ်၍ ဘဏ်ခွဲအား ယာယီပိတ်ထားပြီး၊ ဘဏ်ခွဲရှိ ဝန်ထမ်းများကိုလည်း အသွားအလာ ကန့်သတ်ထား၍ နေထိုင်စေရန် ဆောင်ရွက် ထားပြီးဖြစ်ပါသည်။ ထိုနည်းတူစွာ ယာဥ်မောင်းနှင့်ထိတွေ့ ဆက်စပ်မှုရှိခဲ့သော ဝန်ထမ်းကြို/ပို့ယာဉ် နှင့် ထိတွေ့ဆက်ဆံမှုရှိသော ဝန်ထမ်းများအားလည်း အသွားအလာ ကန့်သတ်၍ နေထိုင်စေမှုများ ပြုလုပ်ထားပြီးဖြစ်ပါသည်။

 

၂။ ဧရာဝတီဘဏ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်သွယ် ဆက်ဆံနေသော Customer များနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းစဥ်များကို တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအစီအစဥ်များတွင် COVID-19 စတင်ဖြစ်ပွားစဥ် ကာလမှပင် ဘဏ်၀န်ထမ်းများအားလုံးအား face mask၊ face shield၊ gloves များ ၀တ်ဆင်စေပြီး နှင့် counter shield များကိုလည်း တပ်ဆင်ထားပြီးဖြစ်ပါသည်။

 

ရန်ကုန်မြို့ရှိ ၎င်းဘဏ်ခွဲ ပိတ်ထားစဉ်အတွင်း ဘဏ်နှင့်ဆက်သွယ်ဆက်ဆံနေသော Customer များ အဆင်ပြေမှုရှိစေရေး အတွက် ဘဏ်၏ Mobile Banking၊ Internet Banking၊ ATM နှင့် AYA PAY ဝန်ဆောင်မှုများကို အသုံးပြု၍လည်းကောင်း၊ ရန်ကုန်မြို့ရှိ အခြားနီးစပ်ရာဘဏ်ခွဲများသို့ သွားရောက်၍လည်းကောင်း ဘဏ်၏ ၀န်ဆောင်မှုများ ရယူနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

 

၃။ ဧရာဝတီဘဏ် ရခိုင်ပြည်နယ်၊ စစ်တွေဘဏ်ခွဲ၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန် ဘဏ်ခွဲ၊ သမိန်ဗရမ်းလမ်းရှိဘဏ်ခွဲ၊ တက္ကသိုလ်ရိပ်သာလမ်းသစ် ဧရာဝတီဘဏ်ခွဲတို့မှအပ ကျန်ဘဏ်ခွဲအားလုံးအား ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး၊ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့် အချက်အလက်များကို ဧရာဝတီဘဏ်၏ Contact Centre 01-2317777 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ယခုကဲ့သို့ COVID-19 ရောဂါပိုးဖြစ်ပွားချိန်တွင် ဧရာ၀တီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး ကိုလည်း နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် အတူ ဝိုင်းဝန်း အားဖြည့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ်လီမိတက်

Read times Last modified on Sunday, 20 September 2020 09:26
Rate this item
(0 votes)