What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 September 2020 21:24

လူနာ ၃၇၅ နှင့် စပ်လျဉ်း၍ CB ဘဏ်မှ အသိပေးကြေညာချက် ထုတ်ပြန်

CB Bank စစ်တွေဘဏ်ခွဲရှိ ဝန်ထမ်းတစ်ဦးအား COVID-19 အတည်ပြု လူနာ Case 375 အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ၁၆.၈.၂၀၂၀ ညနေပိုင်းတွင် ကြေညာခဲ့ပါသည်။

 

အဆိုပါ ဝန်ထမ်းအား ရောဂါပျောက်ကင်းပြီဖြစ်၍ ၈.၉.၂၀၂၀ တွင် ဆေးရုံမှဆင်း ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်သည့်အတိုင်း နေအိမ်တွင် အနားယူလျက်ရှိပြီး ကျန်းမာရေးကောင်းမွန် လျက်ရှိပါသည်။

 

Case 375 နှင့် လုပ်ငန်းခွင်တွင် အတူလုပ်ကိုင်ခဲ့ကြသော CB Bank စစ်တွေဘဏ်ခွဲမှ ဝန်ထမ်း (၂၈) ဦးကို (၁၇.၈.၂၀၂၀) မှစတင်၍ စစ်တွေမြို့တွင် Hotel Quarantine ထားရှိခဲ့ပါသည်။ အဆိုပါ ဝန်ထမ်းများ အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ စီစဉ် လမ်းညွှန်မှုအတိုင်း ၂ ကြိမ်တိုင်တိုင် ဆေးစစ်ရာတွင် ၂ ကြိမ်လုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ Negative ရလဒ် ထွက်ပေါ်ခဲ့သဖြင့် ယနေ့ ၁၀.၉.၂၀၂၀ တွင် နေအိမ်သို့ ပြန်ခွင့်ပြုလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ညွှန်ကြားသည့်အတိုင်း အဆိုပါ ဝန်ထမ်းများကို ၎င်းတို့၏ နေအိမ်တွင် တစ်ပတ် အနားယူစေမည် ဖြစ်ပြီး ထို့နောက်မှသာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်စေမည် ဖြစ်ပါသည်။


လက်ရှိအချိန်တွင် CB Bank စစ်တွေဘဏ်ခွဲအား အစားထိုး ဝန်ထမ်းများ (backup volunteer team) ဖြင့် ၂၄.၈.၂၀၂၀ ရက်မှ စ၍ ဝန်ဆောင်မှုများပေး လျက်ရှိပါသည်။


အတည်ပြု လူနာအဖြစ် သတ်မှတ်ခံရသော ဝန်ထမ်းနှင့် အခြားထိတွေ့မှု ရှိခဲ့သည့် ဝန်ထမ်းများ အားလုံးအတွက် CB Bank မှ လိုအပ်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။

CB Bank

Read times
Rate this item
(1 Vote)