What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 19:02

မန်းမြန်မာ ဈေးချိုပလာဇာ တို့ကို ယာယီပိတ်မည်

မန္တလေးခရိုင် အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက် ဘီယာ ဆိုင်တွေနဲ့ ဆိုင်ထိုင် ရောင်းချတဲ့ ဆိုင်တွေကို ယာယီ ပိတ်ပြီး ပါဆယ် စနစ်နဲ့ပဲ ရောင်းချခွင့် ပြုဖို့ ဒီနေ့ လုပ်တဲ့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင်မောင်က လူထုကို ဒီနေ့မှာအသိပေးလိုက်ပါတယ်။

 

ဒါ့အပြင် မန်းမြန်မာ ပလာဇာ၊ အဆင့်မြင့် ဈေးချိုတော်နဲ့ တိုက်တန်းကြီးတို့ကို ယာယီပိတ်ဖို့ ဆွေနွေး ဆုံးဖြတ်ခဲ့နယ်လို့လည်း ဝနိကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်ကနေ ဆိုပါတယ်။

 

"လိုအပ်ရင် တခြားဈေးတွေ ကိုလည်း ယာယီပိတ်ဖို့ စဉ်းစားရမှာပါ။လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါက ကူးစက်မှုက မြင့်လာတာ‌ကြောင့် အမျိုးသား ကျန်းမာရေး အတွက် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

 

မန္တလေးက ကန်တော်နဒီ ဆေးရုံ အပြင် ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံကိုလည်း လိုအပ်ရင် သုံးနိုင်ဖို့ ပြင်ဆင်‌နေပါတယ်။ အဲ့ဒီဆေးရုံမှာ လိုအပ်တာတွေ ဖြည့်ဆည်း ပေးနိုင်ဖို့ ဒီ‌နေ့ ကြည်ရှုခဲ့ပြီး တာဝန် ထမ်းဆောင်မယ့် ကျန်းမာရေး ဝန်ထမ်းတွေကို အားပေးခဲ့ပါတယ်။ Volunteer တွေ ပါဝင်နိုင်ဖို့လည်း ဆောင်ရွက်သွားမှာပါ။

 

မိမိနဲ့ မိမိ ဝန်းကျင်ကို ကာကွယ်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လူတိုင်း လိုက်နာကြဖို့‌ သတိပေးချင်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ကြစေချင်ပါတယ်"လို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင်မောင်က ပြောပါတယ်။

Dr. Zaw Myint Maung's FB

Read times
Rate this item
(0 votes)