What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 December 2021 11:09

တရုတ်နိုင်ငံတွင် Covid-19 စည်းကမ်းဖောက်ဖျက်သူများကို အရှက်ခွဲ အပြစ်ပေး

တရုတ်နိုင်ငံတွင် Covid-19 စည်းကမ်းဖောက်ဖျက်သူများကို အရှက်ခွဲ အပြစ်ပေး

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရဲများခြံရံပြီး လမ်းမများပေါ်တွင် Covid-19 စည်းကမ်းဖောက်ဖျက်သူလေးဦးကို လမ်းလျှောက်ခိုင်းကာ လူပုံအလယ် အရှက်ခွဲတဲ့ public-shaming ပြစ်ဒဏ် ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာလ ၂၉ ရက်ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။

ဆယ်စုနှစ်အတန်ကြာ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ စည်းရုံးလှုံ့ဆော်မှုများကြောင့် တရုတ်နိုင်ငံက လူပုံအလယ် အရှက်ခွဲတဲ့ ပြစ်ဒဏ်ပေးခြင်းကို ၂၀၁၀ ခုနှစ်မှာ ပိတ်ပင်တားမြစ်ခဲ့သော်လည်း
ရာဇ၀တ်မှုဆိုင်ရာသံသယရှိသူများကို လူသိရှင်ကြားအရှက်ခွဲခြင်းကို တားမြစ်ခဲ့သော်လည်း ဒေသအာဏာပိုင်တို့က အမျိုးသားအဆင့်-ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒအရ လုပ်ကိုင်ကြတာမှာ ယခုလို ပြစ်ဒဏ် ပေးတာ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

မတ်စ်တပ်ထားတဲ့ ပြစ်ဒဏ်ကျခံရသူ ၄ ဦးက တစ်ကိုယ်ရည် ကာကွယ်ရေး ဝတ်စုံဖြူ ဝတ်ဆင်ထားပြီး သူတို့ရဲ့ ဓာတ်ပုံနှင့် အမည်များကို ဖော်ပြထားတဲ့ ကတ်ပြားကို ကိုင်ဆောင်ကာ ဒီဇင်ဘာလ ၁၈ ရက်မှာ Guangxi ဒေသ Jingxi မြို့ရှိ လူအုပ်ကြီးရှေ့တွင် လမ်းလျှောက်ခဲ့ကြတယ်လို့ အစိုးရပိုင် Guangxi သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။
Jingxi မြို့က ဗီယက်နမ် နယ်စပ်အနီးမှာ တည်ရှိပါတယ်။
ကပ်ရောဂါကြောင့် တရုတ်နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားရချိန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူလေးဦးကို သူတို့က ပို့ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း သတင်းစာက ဆိုပါတယ်။

 

 

Read times Last modified on Thursday, 30 December 2021 11:11
Rate this item
(0 votes)