What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 12 September 2020 20:49

သုဝဏ္ဏ အားကစားကွင်း Quarantine Center အတွက် ဧရာဝတီ ဖောင်ဒေးရှင်း အကုန်အကျခံမည်

Covid-19 ဒုတိယလှိုင်းမှာ Positive လူနာတွေ များပြားလာတာကြောင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ဆွေးနွေးတိုင်ပင်ပြီး ယာယီ Quarantine Center တစ်ခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ (၅)ရက်အတွင်း

အပြီး တည်ဆောက်လျက်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ လူ(၂၀၀)ထားရှိနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပြီး လူဦးရေ (၄၀၀)အထိ တိုးချဲ့ထားရှိနိုင်ဖို့ကိုလည်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ်

 

အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းတွေ အားလုံးရဲ့ နေထိုင်စားသောက်ရေး ကိစ္စ

 

အဝဝကိုလည်း စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် လို့ ဦးဇော်ဇော်က ၎င်းရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Read times
Rate this item
(1 Vote)