What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 03 February 2020 13:42

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း ၃-၂-၂၀၂၀ ရက်နေ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ

လေဆိပ်သို့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၀း၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

 

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ပါသည်။

 

(အဆိုပါ အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၃၁-၁-၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါသည်။

 

သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင်ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

 

ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။


Ministry of health and sports,myanmar

 

(Zawgyi)
-----------
2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း ၃-၂-၂၀၂၀ ရက္ေန႕

 

တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၊ ကြမ္က်ိဳး (Guaungzhuo) ေလဆိပ္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ (၂၀၂၀) ခုႏွစ္၊ ဇန္နဝါရီ (၃၁) ရက္၊ နံနက္ (၁၀း၄၅)နာရီ အခ်ိန္ခန႔္တြင္ ဆိုက္ေရာက္လာသည့္ China Southern ေလေၾကာင္း ခရီးစဥ္အမွတ္ CZ 3055၊ ျဖင့္ လိုက္ပါလာသည့္ တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံသား အမ်ိဳးသားခရီးသည္ (၁) ဦးတြင္ ကိုယ္ပူခ်ိန္အနည္းငယ္ျမင့္မားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း လကၡဏာမ်ားစစ္ေဆးေတြ႕ရွိရသျဖင့္ အဆိုပါ ခရီးသည္ကို ေဝဘာဂီအထူးကုေဆး႐ုံရွိ သီးျခားခန္း (isolation room) သို႔ပို႔ေဆာင္ခဲ့ၿပီး လုပ္ငန္းလမ္းၫႊန္၊ စံလုပ္ထုံးလုပ္နည္းမ်ားႏွင့္ အညီ ေစာင့္ၾကည့္လူနာ (person under investigation for 2019-nCoV pneumonia) အျဖစ္ သတ္မွတ္ထားရွိခဲ့ကာ 2019 Novel Coronavirus ေၾကာင့္ျဖစ္ပြားေသာ အဆုတ္ေရာင္ေရာဂါ ရွိ၊ မရွိ ကို အတည္ျပဳနိုင္ရန္ ေဆာင္႐ြက္ခဲ့ပါသည္။

 

ထို႔အျပင္ အဆိုပါ ေလယာဥ္ျဖင့္လိုက္ပါလာေသာ ျမန္မာနိုင္ငံသား အမ်ိဳးသား ခရီးသည္ (၂) ဦးတြင္ ကိုယ္ပူျခင္း၊ ဖ်ားနာျခင္း စသည့္ ေရာဂါလကၡဏာတစ္စုံတစ္ရာ မရွိေသာ္လည္း ေဝဘာဂီအထူးကုေဆး႐ုံရွိ သီးျခားခန္းတြင္ထားရွိကာ ေရာဂါကူးစက္မႈ ရွိ၊ မရွိ စနစ္တက် ေစာင့္ၾကပ္ၾကည့္ရႈမႈ (quarantine) ေဆာင္႐ြက္ခဲ့ပါသည္။

 

(အဆိုပါ အေၾကာင္းအရာမ်ားကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ၃၁-၁-၂၀၂၀ ရက္ေန႕တြင္ သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။)

 

ထိုသို႔ေဆာင္႐ြက္ခဲ့ရာတြင္ အဆိုပါ ေစာင့္ၾကည့္လူနာ (person under investigation for 2019-nCoV pneumonia) အျဖစ္ သတ္မွတ္ထားရွိေသာ တ႐ုတ္ျပည္သူ႕သမၼနိုင္ငံသား အမ်ိဳးသားထံမွ ႏွာေခါင္းတို႔ဖတ္နမူနာ (Nasopharyngeal Swab) မ်ား ရယူၿပီး ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ရာ 2019 Novel Coronavirus ဗိုင္းရပ္(စ္) ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ကို စစ္ေဆးေတြ႕ရွိခဲ့ပါသည္။ အဆိုပါအမ်ိဳးသား၏ က်န္းမာေရးအေျခအေနမွာလည္း ေကာင္းမြန္လ်က္ရွိပါသည္။

 

သို႔ျဖစ္ပါ၍ အဆိုပါ တ႐ုတ္ျပည္သူ႕သမၼနိုင္ငံသား အမ်ိဳးသားအား သီးျခားခန္းတြင္ဆက္လက္ကုသရန္မလိုအပ္ေတာ့သျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ပါသည္။

 

ထို႔အျပင္ ၎ႏွင့္ အတူ ေလယာဥ္တစ္စီးတည္း အတူလိုက္ပါလာေသာ ျမန္မာနိုင္ငံသား အမ်ိဳးသား ခရီးသည္ (၂) ဦးသည္လည္း က်န္းမာေရးအေျခအေနေကာင္းမြန္ေနၿပီး ေရာဂါကူးစက္မႈ ရွိ၊ မရွိ ေစာင့္ၾကပ္ၾကည့္ရႈမႈ (quarantine) ဆက္လက္ေစာင့္ၾကည့္ရန္ မလိုအပ္ေတာ့သျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ပါသည္။

Read times Last modified on Monday, 03 February 2020 21:56
Rate this item
(1 Vote)