What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 13 September 2020 13:43

ဧရာဝတီဘဏ်မှ ကိုဗစ်အတည်ပြုလူနာ ဘဏ်ဝန်ထမ်းနှင့် ပတ်သက်ပြီး အသိပေးခြင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန် ဧရာဝတီဘဏ် (Yangon - 50) ဘဏ်ခွဲရှိ ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း အတည်ပြု။

 

၁။ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန် ဧရာဝတီဘဏ် (Yangon - 50) ဘဏ်ခွဲတွင် တာဝန်ထမ်း‌ဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၂-၀၉-၂၀၂၀ )ရက်နေ့ ထုတ်ပြန်သည့် ရောဂါဓါတ်ခွဲ စစ်ဆေးမှုအဖြေအရ အတည်ပြုခဲ့ပါသည်။

 

ဧရာဝတီဘဏ်မှ ဝန်ထမ်းသည် လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပါသည်။ ဧရာဝတီဘဏ်အနေဖြင့် ၎င်းဝန်ထမ်းနှင့် မိသားစုဝင်များ ကိုလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ် ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၎င်းဘဏ်ခွဲအား စနစ်တကျပိုးသတ် သန့်စင်မှုများ ပြုလုပ်ရန်အတွက် ယာယီပိတ်ထားပြီးဖြစ်ပါသည်။

 

ဘဏ်ခွဲရှိ ဝန်ထမ်းများကိုလည်း အသွားအလာ ကန့်သတ်၍ နေထိုင်စေပြီး ဖြစ်ပါသည်။

 

၂။ ဧရာဝတီဘဏ်၊ ရန်ကုန်မြို့ရှိ ၎င်းဘဏ်ခွဲ ပိတ်ထားစဥ်တွင် ဘဏ်နှင့် ဆက်သွယ်ဆက်ဆံနေသော Customer များ အဆင်ပြေမှုရှိစေရန်အတွက် ဘဏ်၏ Mobile Banking ၊ Internet Banking ဝန်ဆောင်မှုများ အသုံးပြု၍ ဘဏ်ဝန်ဆောင်မှုများ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် ရန်ကုန်မြို့ရှိ အခြားနီးစပ်ရာ ဘဏ်ခွဲများတွင်လည်း ဘဏ်၏ဝန်ဆောင်မှုများ ရယူနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

 

ဧရာဝတီဘဏ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်သွယ် ဆက်ဆံနေသော Customerများနှင့် ဝန်ထမ်းများ၊ ဘေးကင်း လုံခြုံရေးအတွက် ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းစဥ်များကို ဆောင်ရွက်လျက်ရှိပါသည်။

 

၃။ ဧရာဝတီဘဏ် ရခိုင်ပြည်နယ်၊ စစ်တွေဘဏ်ခွဲနှင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန် ဘဏ်ခွဲတို့မှအပ ကျန်ဘဏ်ခွဲအားလုံးအား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ထားရှိမည်ဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့်အချက်အလက်များကို ဧရာဝတီဘဏ်၏ Contact Centre 01-2317777 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ယခုကဲ့သို့ COVID-19 ရောဂါပိုး ဖြစ်ပွားချိန်တွင် ဧရာ၀တီဘဏ်အနေဖြင့် မိမိတို့၏ Customers များနှင့် ဘဏ်ဝန်ထမ်းများ၏ ကျန်းမာရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးကိုလည်း နိုင်ငံတော် အစိုးရ၊ ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းအားဖြည့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ် လီမိတက်

Image may contain: text

Read times
Rate this item
(0 votes)