What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 16:06

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဝန်ထမ်းတစ်ဦး COVID-19 ပိုး တွေ့ရှိကြောင်း အတည်ပြု

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦး ထံတွင် COVID-19 ပိုး တွေ့ရှိကြောင်း

၎င်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ အုပ်စုစာမျက်နှာတွင် အတည်ပြု ပြောကြားခဲ့သည်။

၎င်း၏ ဖြေကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၏ ကိုယ်ရေးအရာရှိထံတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း၊ ဒုတိယ ဝန်ကြီးနှင့် ၎င်း၏ ကိုယ်ရေး အရာရှိတို့ တစ်ရက်တည်း swab test စစ်ဆေးခဲ့ရာ ဒုတိယ ဝန်ကြီးသည် negative ဖြစ်ပြီး အဆိုပါ ကိုယ်ရေး အရာရှိမှာ positive ဖြစ်ကြောင်း၊ ယခုအခါ၌ ဒုတိယ ဝန်ကြီးသည် Hotel Quarantine ဝင်လျက်ရှိပြီး ၎င်းအား ရက်ပိုင်းအတွင်း ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။
(Xinhua)

Read times
Rate this item
(0 votes)