What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 October 2020 10:05

သာကေတမြို့နယ်၊ Fortune Plaza ရှိ Myanmar Expo ခန်းမတွင် COVID-19 လူနာများကို စတင် လက်ခံတော့မည်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ Fortune Plaza ရှိ Myanmar Expo ခန်းမကြီးကို COVID-19 ကုသရေးစင်တာ အဖြစ် ပြင်ဆင်၊ ဆောင်ရွက်လျက်ရှိရာ မကြာမီရက်ပိုင်းတွင် လူနာများကို စတင် လက်ခံနိုင်တော့မည် ဖြစ်ပါသည်။

 

(၁)ရက်လျှင် ငှားရမ်းခ သိန်း (၃၀၀)ခန့် ရှိသည့် Fortune Plaza , Myanmar Expo ကို COVID-19 ပြီးဆုံးချိန်အထိ အခမဲ့ အသုံးပြုခွင့်နှင့် ကုသရေးဆိုင်ရာနှင့် လိုအပ်သော ကဏ္ဍများတွင် သုံးစွဲရန်အတွက် မတည်‌‌ငွေကျပ်သိန်း (၁,၀၀၀)ကိုလည်း Golden Environmental Construction Co.,Ltd မှ လှူဒါန်း ခဲ့ပါသည်။


COVID-19 ကုသရေးစင်တာကို Fortune Plaza ၊ Myanmar Expo နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ We Love Yangon လူထုအခြေပြု ပရဟိတအသင်း၊ စေတနာရှင် အလှူရှင်များတို့ဖြင့် နေ့ဆိုင်း၊ ညဆိုင်း ဆောင်ရွက်လျက် ရှိပါသည်။


လူနာများ စတင်လက်ခံပါက ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


COVID-19 ကုသရေးစင်တာသို့ လာရောက်ကုသသူများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာဝန်ထမ်းများအတွက် လိုအပ်သည့် ဆေးဝါး၊ အစားအသောက်နှင့် အသုံးအ‌ဆောင် ပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊

 

We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

Myanmar Expo Hall at Fortune Plaza

Read times
Rate this item
(0 votes)