What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 17:16

နေပြည်တော်ရှိ အထူးကုဆရာဝန်တစ်ဦး နှင့် မေ့ဆေးဆရာဝန်တစ်ဦး COVID-19 ရောဂါပိုးကူး စက်ခံရ

နေပြည်တော်ကောင်စီနယ်မြေရှိ အထူးကုဆရာဝန်တစ်ဦး၊ မေ့ဆေးဆရာဝန်တစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးခန့် COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ယနေ့ နံနက်ပိုင်း၌ မီဒီယာသို့ ပြောကြားခဲ့သည်။

 

“နေပြည်တော်မှာ ရှိတဲ့ အထူးကုဆရာဝန်တစ်ယောက်နဲ့ မေ့ဆေးဆရာဝန်တစ်ယောက် COVID-19 ရောဂါပိုး ကူးစက်ခံရပါတယ်၊ သူတို့ရဲ့ မိသားစုတွေလည်း ကူးစက်မှု ခံရတဲ့အတွက် သူတို့နဲ့ ထိစပ် နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း Hospital Quarantine ပေါ့လေ၊ အဲဒါတွေ ဆောင်ရွက် ထားတာ ရှိပါတယ်”ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောခဲ့သည်။

 

ယခုကဲ့သို့ အထူးကုဆရာဝန်နှင့် မေ့ဆေးဆရာဝန်တို့ ရောဂါပိုး ကူးစက်ခံရမှုသည် နေပြည်တော်၌ ပထမ ဦးဆုံးဖြစ်သော်လည်း မည်သည့် ဆေးရုံက ဖြစ်ကြောင်းကို ကျင့်ဝတ်အရ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ကူးစက်ခံရသည့် အကြောင်းအရင်းကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဆေးရုံတွင် ကူးစက်ခံရခြင်း ဖြစ်၍ လူနာက တစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ဖို့များကြောင်းလည်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဖြည့်စွက် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၌ ယနေ့အထိ ရောဂါပိုးတွေ့ရှိသူပေါင်း ၃၀၁၅ ဦးအနက် နေပြည်တော်တွင် ၃၄ ဦးရှိပြီး နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်အတွင်း လယ်ဝေးမြို့နယ်မှလွဲပြီး ကျန် ခုနစ် မြို့နယ်တွင် COVID -19 ရောဂါ ပိုး တွေ့ရကြောင်း၊ သက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းရသူ နှစ်ဦးရှိ ကြောင်း၊ နေပြည်တော်၌ ကူးစက်ခံရသူများလာပြီး ဒေသတွင်း ကူးစက်မှုသဖွယ် ဖြစ်နေသောကြောင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက တိုက်တွန်းပြောကြားခဲ့သည်။

 

အဆိုပါ ပိုးတွေ့ လူနများအား နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံကြီးတွင် ထားရှိကာ ကြပ်မတ် ကုသ လျက်ရှိပြီး နောက်ထပ်လည်း အခြားဆေးရုံများတွင် ထပ်ပြီး ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း၊ ပိုးတွေ့လူနာများနှင့် ထိစပ် ဆက်နွယ်သော မိသားစုဝင်(Prime contact) စုစုပေါင်း ၄၀၀ ဦး ခန့်တို့ကို Quarantine ထားရှိကြောင်း သိရသည်။

 

Xinhua

Read times Last modified on Monday, 14 September 2020 17:17
Rate this item
(0 votes)