What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 26 March 2020 22:05

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား မေတ္တာရပ်ခံပန်ကြားချက်

90251442_832926683874316_4730726126572273664_n.png

ယနေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ (၃)ဦး တွေ့ရှိထားပါတယ်။ မိမိတို့ ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြပြီး ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကြိုဆိုပါကြောင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း အသိပေး ပြောကြားလိုပါတယ်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့စဉ်က COVID-19 ရောဂါပိုး ကူးစက်ခံရနိုင်ချေရှိပြီး အကယ်၍ ရောဂါကူးစက်ခံခဲ့ရပါက မိမိမှတစ်ဆင့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများသို့ ရောဂါကူးစက် မပျံ့နှံ့စေရန်အတွက် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (က) အသွားအလာကန့်သတ်ခံ ရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များ၊ (ခ) သတ်မှတ် နေရာ အဆောက်အဦများတွင် COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို သေချာစွာလိုက်နာကျင့်သုံးပါက ရောဂါဆက်လက် ပြန့်ပွားမှုကို နိုင်နင်းစွာ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါတယ်။


မိမိတို့အနေဖြင့်လည်း ထိုင်းနိုင်ငံမှ လတ်တလော ပြန်လည်ရောက်ရှိလာ သော နိုင်ငံသားများ၏ နေရပ်လိပ်စာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ဒေသအသီးသီးသို့ အကြောင်းကြား ထားပြီးဖြစ်သည့်အတွက် ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန (သို့မဟုတ်) အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ သတ်မှတ်နေရာ အဆောက် အဦများတွင် (၁၄)ရက်ကြာ အသွားအလာ ကန့်သတ်မှုကို လိုလားစွာလက်ခံ ဆောင်ရွက်စေလိုပါတယ်။ အသွားအလာ ကန့်သတ်ခံရသူများ အနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ ပြည်သူလူထုများနှင့် လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။


ထိုကဲ့သို့ အသွားအလာကန့်သတ်ပြီး နေထိုင်နေစဉ် ကာလအတွင်း မိမိတို့၏ ကျန်းမာရေးအခြေ အနေကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ နေ့စဉ် မပျက်မကွက် သတင်းပေးပို့ခြင်းဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက စောစီးစွာ ကုသမှု ပေးနိုင်မည့်အပြင် မိသားစုဝင်များနှင့် အခြားသူများသို့ ရောဂါကူးစက် ပျံ့နှံ့မှုကို ကာကွယ်နိုင်ခြင်းကြောင့် အလွန်အကျိုးရှိပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ကိုလည်း ကျေပွန်ရာ ရောက်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read times Last modified on Thursday, 26 March 2020 22:14
Rate this item
(1 Vote)