What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 13:21

တရုတ်-မြန်မာ နယ်ခြားမြို့ကို lockdown ချ

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော နယ်ခြားမြို့ကို ပိတ်ပစ်လိုက်ပြီး

ပိုက်စိပ်တိုက် coronavirus စစ်ဆေးခြင်း အစီအစဉ်ကို စတင်မည်ဟု အရာရှိများက ပြောကြားခဲ့သည်။

 

ကိုဗစ် ကူးစက်ခံထားရသည့် ဖြစ်ရပ်သုံးခုကို ယူနန်ပြည်နယ်အနောက်ပိုင်းရှိ ရွှေလီမြို့မှာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းမြို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးတွင် အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာတစ်ခု ဖြစ်သည်။

ယူနန်ပြည်နယ်သည် နယ်နမိတ်အလျား ၁၉၄၁ ကီလိုမီတာ ရှိပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် ထိစပ်နေသည်။ 

 

မြို့တော်အာဏာပိုင်များက ထုတ်ပြန်ကြေငြာချက်တွင် မြို့မှာ နေထိုင်သူများကို အိမ်တွင်နေခိုင်းပြီး တနင်္လာနေ့ညနေမှစ၍ မြို့ကို  lockdown ချခဲ့ရာ မြို့သို့ ၀ င်ခွင့်မပြု၊ မြို့မှ ထွက်ခွာလွင့်လည်း မပြုတော့ချေ။

 

လူပေါင်း ၂၁၀,၀၀၀ ကျော်နေထိုင်သည့်  ရွှေလီမြို့တွင် နေထိုင်သူတိုင်းကို nucleic acid test ကိုဗစ် ဆေးစစ်မှု ပြုလုပ်မည်ဟုလည်း ကြေညာထားသည်။ 

 

ရောဂါလက္ခဏာမပြသသည့် ကိုဗစ်လူနာ အသက် ၃၂ နှစ် မြန်မာလူမျိုးတစ်ဦးကို ဆေးစစ်ချက်အရ စနေနေ့က တွေ့ရှိခဲ့သည်။ 

 

စူပါမားကက်၊ ဆေးဆိုင်များနှင့်အစားအစာစျေးကွက်များမှအပ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားသည်။

 

ကူးစက်ရောဂါများကို မြန်မာနိုင်ငံမှ ယူဆောင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆသဖြင့် တရုတ်အာဏာပိုင်များသည် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

 

ရွှေလီမြို့သည် မြန်မာနိုင်ငံရှိ မူဆယ်မြို့နှင့် ရေတိမ်သော ရွှေလီမြစ် ခြားထားပြီး တရုတ်နိုင်ငံသို့အဓိက ဝင်ပေါက် ထားရှိသည်။ 

ရွှေလီ၏ ဒုတိယမြို့တော်ဝန် Yang Bianqiang က တရုတ်နိုင်ငံသို့ရောက်ရှိသည့်အချိန်ကို အတည်မပြုနိုင်သောသူများအား ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း တနင်္လာနေ့ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ အမြဲတမ်းနေထိုင်ခွင့် မရှိထားသူများ၊ အလုပ်လုပ်စရာ နေရာ အတည်တကျ မရှိသူများကိုလည်း ပြန်ပို့မည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံသည်  ဝူဟန်မြို့မှပြီးခဲ့သည့်နှစ်နှောင်းပိုင်းကစတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ခရီးသွားကန့်သတ်ချက်များနှင့် တင်းကျပ်သောပိတ်ဆို့မှုများမှတစ်ဆင့် ထိန်းချုပ်ထားပြီးဖြစ်သည်။သို့သော်လည်း မကြာသေးမီလများအတွင် းပေကျင်းမြို့တော် အပါအဝင် ဒေသတွင်းဖြစ်ပွားမှုများ အများအပြားရှိခဲ့သည်။ 

 

တိုင်းပြည်၏ နယ်နိမိတ်သည် နိုင်ငံခြားသားအများစုအတွက် တံခါးပိတ်ထားဆဲဖြစ်ပြီး၊ မကြာသေးမီလများအတွင်း ရောဂါကူးစက်မှုအများစုသည် ပြည်ပရောက်နေသူများ နိုင်ငံသို့ ပြန်လာခြင်းကြောင့် ဖြစ်သည်။

 

အင်္ဂါနေ့က တရုတ်နိုင်ငံတ၀ှမ်းတွင် ဖြစ်ပွားမှု ၇ ခုဖြစ်ပွားခဲ့ပြီး အခြားတိုင်းပြည်များမှ ရောက်ရှိလာသူများတွင် ဗိုင်းရပ်စ်ပိုးပါလာခြင်း ဖြစ်သည်ဟု အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။

 

မြန်မာသည် တရုတ်၏ ခါးပတ်နှင့်လမ်းမကြီး ကနဦးဖော်ဆောင်မှု၏ အရေးပါသောအပိုင်းဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ အာရှ၊ အာဖရိကနှင့် ဥရောပတစ်လွှားရှိ ရေကြောင်း၊ ရထားလမ်းနှင့် လမ်းစီမံကိန်းများအတွက် ဒေါ်လာ ၁ ထရီလီယံ မျှော်မှန်းချက် ချမှတ်ထားသည်။ ယင်းတွင် ဒေါ်လာ ၈.၉ ဘီလီယံ ကုန်ကျရန်  အဆိုပြုထားသော မြန်နှုန်းမြင့်ရထားလမ်းကို ယူနန်မှ မြန်မာပြည်အနောက်ဘက်ကမ်းရိုးတန်းသို့ ဖောက်လုပ်မည့် စီမံကိန်းလည်း အပါအဝင်ဖြစ်သည်။

 

Source globaltimes.cn

Read times Last modified on Wednesday, 16 September 2020 13:15
Rate this item
(0 votes)