What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 October 2021 09:48

စင်ကာပူက COVID-19 ကာကွယ်ဆေးထိုးနှံပြီးသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရန် မလိုသည့် အစီအစဉ်တစ်ရပ်ကို တိုးချဲ့ထုတ်ပြန်

စင်ကာပူနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်မှု အစီအစဉ်ကို လုပ်ဆောင်ရန်နှင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကို

ဖြေလျှော့နေချိန်တွင် နိုင်ငံရှစ်နိုင်ငံမှ COVID-19 ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသည့် ခရီးသွားများကို အောက်တိုဘာ ၁၉ ရက်မှစ၍ ကွာရန်တင်းဝင်ရန်မလိုဘဲ နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စင်ကာပူသည် ကပ်ရောဂါအစောပိုင်း အခြေအနေတွင် ရောဂါကူးစက်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် နယ်စပ်များကို ပိတ်ထားခြင်း၊ lockdown စည်းမျဉ်းအမျိုးမျိုး ချမှတ်ခြင်းနှင့် ထိတွေ့ကူးစက်မှုများကို ခြေရာခံခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သော်လည်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံခဲ့ပြီးနောက် စင်ကာပူသည် စီးပွားရေးများ ပြန်လည်နာလန်ထူရန် ကြိုးပမ်းဆောင်ရွက်နေသည်။

စင်ကာပူသည် စက်တင်ဘာလက ကာကွယ်ဆေးထိုးနှံပြီးသည့် ဘရူနိုင်းနှင့် ဂျာမနီနိုင်ငံမှ ခရီးသွားများကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့ပြီး ယင်းအစီအစဉ်ကို အောက်တိုဘာ ၁၉ ရက်တွင်နောက်ထပ်နိုင်ငံရှစ်နိုင်ငံမှ ခရီးသွားများအတွက် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။

ထို့ကြောင့် ဗြိတိန်၊ ကနေဒါ၊ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊စပိန်နှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသည့် ခရီးသွားများအနေဖြင့် အောက်တိုဘာ ၁၉ ရက်မှစ၍ စင်ကာပူနိုင်ငံသို့ ကွာရန်တင်းဝင်ရန်မလိုဘဲ လာရောက်နိုင်ပြီဖြစ်သည်။

တောင်ကိုရီးယားခရီးသွားများအတွက် ယင်းအစီအစဉ်ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်သွားမည်ဟု စီစဉ်ထားသည်။

ယင်းမူဝါဒအရ ခရီးသွားများအနေဖြင့် စင်ကာပူနိုင်ငံတွင်းမှ မထွက်ခွာမီ သို့မဟုတ် စင်ကာပူနိုင်ငံတွင်းသို့ မဝင်ရောက်မီ ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးကြောင်းနှင့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း ပြသလျှင် ကွာရန်တင်းဝင်ရောက်ရန်မလိုဟု ဆိုသည်။


“စင်ကာပူအနေနဲ့ အကန့်အသတ်မရှိ lockdown စည်းမျဉ်းတွေအောက်မှာ နေထိုင်နိုင်မှာ မဟုတ်ပါဘူး” ဟု COVID-19 နှင့် အတူယှဉ်တွဲနေထိုင်ရေး မဟာဗျူဟာအောက်ရှိ စည်းမျဉ်းများကို ထုတ်ပြန်ကြေညာချိန်၌ ဝန်ကြီးချုပ် လီရှန်လွန်းက ယခုကဲ့သို့ပြောကြားခဲ့သည်။

“ဒယ်တာဗိုင်းရပ်စ် မျိုးကွဲဟာအလွန် ကူးစက်မြန်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ကူးစက်ပျံ့နှံ့နေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးကို ကာကွယ်ဆေးထိုးနှံပြီးသည့်တိုင် ဒီရောဂါကြီးကို ချေမှုန်သုတ်သင်နိုင်ဦးမှာ မဟုတ်ပါဘူး။ နိုင်ငံအားလုံးနီးပါးက ဒီအမှန်တရားကို လက်ခံထားကြပါတယ်” ဟု လီကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နယ်စပ်တွေကို ဘေးကင်းကင်းနဲ့ ပြန်လည်ဖွင့်လှစ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ စင်ကာပူနိုင်ငံတွင်းက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေကို ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူတွေက သူတို့ရဲ့အလုပ်တွေအတွက် ခရီးသွားလာဖို့ လိုအပ်ပါတယ်” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။

Read times
Rate this item
(0 votes)