What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 16:34

တောင်ကြီးမြို့နယ်အတွင်း ညမထွက်ရ (Curfew) အမိန့် (၂)လထပ်မံတိုးမြှင့် ထုတ်ပြန်

တောင်ကြီးမြို့နယ်အတွင်း ညမထွက်ရ (Curfew) အမိန့် (၂)လထပ်မံတိုးမြှင့် ထုတ်ပြန် Skynet UptoDate

တောင်ကြီးမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် COVID-19 ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက်

 

 

အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ခွင့်ပြုချက်အရမှအပ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့မှစ၍ နေ့စဥ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄) နာရီအထိ ညမထွက်ရန် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ စက်တင်ဘာလ (၁၄) ရက်နေ့ ရက်စွဲနဲ့ (၂)လ ထပ်မံရက်တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။

 

တောင်ကြီးမြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာနအနေနဲ့ နေ့စဥ် ည(၁၀)နာရီမှ နောက်တစ်နေ့ နံနက်(၄) နာရီအထိ ညမထွက်ရ (Curfew) အမိန့်ကို ပြီးခဲ့တဲ့ ဧပြီလ (၂၂)ရက်နေ့ မှာ စတင်ထုတ်ပြန်ခဲ့ပါတယ်။

 

၂၀၂၀ပြည့်နှစ် မေလ (၁၅)ရက်နေ့မှစပြီး နေ့စဥ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄) နာရီအထိ ညမထွက်ရန် ညမထွက်ရအမိန့်ကို ပြင်ဆင်ထုတ် ပြန်ခဲ့ပြီး စက်တင်ဘာလ (၁၄)ရက်နေ့မှာ သတ်မှတ် ကာလပြည့်ပြီဖြစ်တာကြောင့် စက်တင်ဘာလ (၁၅)ရက်မှစတင်ပြီး အမိန့်အမှတ် (၅/၂၀၂၀) နဲ့ (၂)လ ထပ်မံရက်တိုးမြှင့် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်မှုတစ်ခုတည်း မဟုတ်ပဲ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ပြီး ပြည်သူတွေအနေနဲ့ မိမိနေအိမ်မှာနေထိုင်ခြင်း ၊လူစုလူဝေးရှောင်ရှားခြင်း ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များအတိုင်း Mask တပ်ဆင်ခြင်း ၊မကြာခဏ လက်ကိုစနစ်တကျဆေးကြောခြင်း ၊

 

Social Distancing ကိုတိကျစွာလိုက်နာခြင်းတို့ ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ ပထမအပတ်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

 

Image may contain: text

 

ဝန်းရံ

Skynet UptoDate

Read times
Rate this item
(0 votes)