What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 January 2021 12:22

ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်မှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းသွားမည်

ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ် တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဂျပန်- မြန်မာ ပွဲတော် ကျင်းပရေး ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပ ခဲ့သော ဂျပန်- မြန်မာပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တနင်္ဂနွေနေ့) ညနေ ၆ နာရီတွင် ‘အခက်အခဲများကို အတူကျော်ဖြတ်ကြပါစို့ ’ ဟူသော ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးအတွင်း အပြန်အလှန် ဖေးမအားပေးမှုဖြင့် ဂျပန်- မြန်မာ နာမည်ကြီးအနုပညာရှင်များ ပါဝင် သီဆို ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

အဆိုပါပွဲတော်သည် မြန်မာနှင့် ဂျပန် ပေါင်းကူး ဆက်သွယ်ပေးသည့် အထူးခြားဆုံး ယဉ်ကျေးမှုဖလှယ်ပွဲ ကြီးဖြစ်ကာ နှစ်နိုင်ငံ ပရိသတ်အားပေးမှု အများဆုံးရရှိ နေသော ပွဲတော်ကြီးလည်းဖြစ်၍ ပွဲတော်၏အထူး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များကို MNTV ရုပ်သံလိုင်း နှင့် ဂျပန်- မြန်မာပွဲတော် Facebook Page တို့မှ မြန်မာ နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့် မြန်မာကိုချစ်မြတ်နိုး သော ဂျပန်ပရိသတ်တို့အတွက် ထုတ်လွှင့်တင်ဆက်သွား မည် ဖြစ်သည်။

အဆိုပါ ဂျပန်- မြန်မာ ချစ်ကြည်ရင်းနှီးမှုအဖြစ် ကျင်းပသော နှစ်နိုင်ငံယဉ်ကျေးမှုပွဲတော်ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ် Charity Program ကို ထည့်သွင်းထားကာ ယင်း Program မှ နှစ်နိုင်ငံ ပါဝင်သီဆိုမည့် အနုပညာရှင်များက တိုက်ရိုက်နှိုးဆော်သွားမည် ဖြစ်၍ ပရိသတ်များကလည်း ပါဝင်လှူဒါန်းသွားနိုင် မည်ဖြစ်သည်။

ဂျပန် - မြန်မာ ယဉ်ကျေးမှုပွဲတော်ကြီးကို ယခုနှစ်တွင် ရန်ကုန်မြို့၌ (၇)ကြိမ်မြောက် ကျင်းပမည်ဖြစ်ကာ နှစ်နိုင်ငံမှ ပါဝင်သီဆိုကြမည့် အနုပညာရှင်များမှာ Hirahara Ayaka ၊ Morisaki Win ၊ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ X – Boxin နှင့် မေလသံစဉ်တို့က ပါဝင်သီဆိုဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။ (၆)ကြိမ်မြောက် ဂျပန်- မြန်မာပွဲတော်ကြီးကို ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အီးဗင်းပတ်စ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်ရုပ်သံလိုင်းများမှ ပြည်တွင်း၊ ပြည်ပသို့ ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

Read times
Rate this item
(0 votes)