What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 September 2020 08:34

နံနက် (၈:၀၀) နာရီ (၁၆-၉-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နံနက် (၈:၀၀) နာရီ (၁၆-၉-၂၀၂၀) ရက်နေ့၊  COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ (၁၅-၉-၂၀၂၀) ရက်နေ့၊ ည(၈) နာရီမှ (၁၆-၉-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၉၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၆၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၀၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၉၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု နှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၃၈) ခု
စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၄၂၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၄) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၆၃၆)ဦး ရှိပြီဖြစ်ပါသည်။
၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၈)နှစ် အရွယ် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသမီး (Case-2347) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၅-၉-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၂၈) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၄။ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၉) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-1589) သည် ပြင်းထန် အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၂၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၅။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၅၁) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-3122) သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နေ့လည် (၃:၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၆။ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၆၈) နှစ် အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3258) သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၇။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၃၉)ဦး ရှိပြီဖြစ်ပါသည်။
၈။ (၁၅-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၉၂၇) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၉၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၂၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၄၄၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၄၇၆) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၃၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု နှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၃၈) ခု
စုစုပေါင်း (၄,၅၉၇) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃၇) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၂၀၃) ဦး တွေ့ရှိကြောင်း ကို (၁၅-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

Read times Last modified on Wednesday, 16 September 2020 08:39
Rate this item
(0 votes)