What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 08:33

အမေရိကန် - မြောက်ကာရိုလိုင်းနားပြည်နယ် ဇွန်လတွင်လူပေါင်း ၇သောင်းခွဲကျော် ရောဂါပိုးကူးစက်ခံရမည်လို့ သတိပေး

90251442_832926683874316_4730726126572273664_n.png

 

အမေရိကန် မြောက်ကာရိုလိုင်းနားပြည်နယ် ဇွန်လတွင် တစ်ခလူပေါင်း ၇သောင်းခွဲကျော် ရောဂါပိုးကူးစက်ခံရမယ် မြို့နယ်ကျန်းမာရေးအရာရှိများက သတိပေးပြောကြားလိုက်ပါတယ်။

 

တကယ်လို့ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဧပြီလတွင် social distant ပြုလုပ်ခြင်းရပ်တန့်ခဲ့မယ်ဆိုရင် သမ္မတ Donald Trump နှင့် အုပ်ချုပ်ရေးအရရှိများ သတိပေး ပြောကြားခဲ့သလိုဘဲ ဇွန်လမှာ လူပေါင်း ၇သောင်းခွဲကျော် ရောဂါပိုးကူးစက်နိုင်တယ် ပြောကြားခဲ့ပါတယ်။

 

"မြောက်ကာရိုလိုင်းနားပြည်နယ်တွင် လက်ရှိကျင့်သုံးနေသော လူမှုရေးဝေးကွာသောမူဝါဒများသည် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား အလွန်အမင်းမြှင့်တင်ပေးနိုင်ပြီး ရောဂါဖြစ်ပွားခြင်းလျော့ချတဲ့နေရာမှာ ကူညီရာ ရောက်လိမ့်မယ်လို့" မြောက်ကာရိုလိုင်းနာပြည်နယ်ရှိ ကျန်းမာရေးနှင့်လူသားဆိုင်ဝန်ဆောင်မှု အတွင်းရေးမှူး Mandy Cohen က ပြောကြားခဲ့ပါတယ်။

 

မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ယခုလအကုန်တွင် လူမှုရေးအကွာဝေးကို ရပ်တန့်ပါက မေလအစာပိုင်းမှာတင် လူနာကုတင် နှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ၅၀ ရာခိုင်နှုန်းကျော် ကျော်လွှာသွားနိုင်မယ်လို့လည်း ခန့်မှန်းပြောဆိုခဲ့တယ်လို့ CNN သတင်းဖော်ပြချက်အရ သိရပါတယ်။

 

တကယ်လို့ လူမှုရေးဝေးကွာစွာနေခြင်းကို ရပ်တန့်လိုက်ပါက တခြားတစ်ဖက်မှာ ဒီလို အနေအထိုင်ဆင်ခြင်တာတွေ ၊ လူမှုရေးဝေးကွာစွာနေထိုင်ခြင်းတွေ ဆက်ရှိနေမယ်ဆိုရင် ရောဂါပိုးခံရမှုနှုန်း ၂ သောင်းခွဲကျော် လျော့ချပေးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ယခု မြောက်ကာရိုလိုင်းနာပြည်နယ်မှာ ရောဂါပိုးကူးစက်ခံရသူပေါင်း ၂,၈၇၀ ရှိနေပြီး သေဆုံးသူ ၃၃ ယောက်ရှိတယ်လို့ Cohen က ပြောဆိုခဲ့ပါတယ်။

90165828_212716063139335_1462378197545910272_n.png

Ref;CNN

Read times
Rate this item
(0 votes)