What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 September 2020 11:10

ပခုက္ကူတွင် နောက်ထပ် Quarantine Center တခု ထပ်မံဖွင့်လှစ်

ပခုက္ကူတွင် နောက်ထပ် Quarantine Center တခု ထပ်မံဖွင့်လှစ် Skynet UptoDate

ပခုက္ကူ Facility Quarantine Center ကို ပခုက္ကူ လေယာဉ်ကွင်း အဟောင်းနေရာတွင် လုပ်ဆောင်ထားတာဖြစ်ပြီး ယခုလက်ရှိအချိန်ထိ ပြည်ပပြန် ၊

 

နယ်စပ်ဒေသမှ ပြန်လာသူများနှင့် ပြည်တွင်းမှာ COVID. 19 ကူးစက်မှု များတဲ့ ဒေသများမှ ပြန်လာသူများကို ထားရှိတာ ဖြစ်ပါတယ်။ ယခုအခါမှာ ရန်ကုန်နှင့်

 

မြင်းခြံ မြို့မှ ပြန်ရောက်လာကြသော ပြည်တွင်းပြန် များကို ပခုက္ကူ ပညာရေးကောလိပ်မှာ ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု (၁၄)ရက် ထားရှိမယ်လို့ သိရပါတယ်။

 

ပြင်တွင်းပြန်များထားရှိတဲ့ Quarantine Center ကို (၁၂.၉.၂၀၂၀)ရက်နေ့ မှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး လက်ရှိအချိန်ထိ အသွားအလာကန့်သတ်၍စောင့်ကြည့်သူ (၃၀) ဦးရှိတယ်လို့ သိရပါတယ်။

 

ပခုက္ကူမြို့အတွင်းယခုလက်ရှိအချိန်အထိ(COVID. 19)ဖြစ်ပွားသူလူနာ မရှိပေမယ့် ပခုက္ကူဆေးရုံကြီးမှာ (COVID. 19)ရောဂါအတည်ပြုလူနာတဦး တက်ရောက်ကုသနေတယ်လို့သိရပါတယ်။

 

Skynet UptoDate

Read times
Rate this item
(0 votes)