What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 March 2020 12:47

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဖြစ်ပွားလာပါကတပ်မတော်မှဆောင်ရွက်မည့် အစီအမံ

◾ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလျှင် ဆေနှင့်ဆေးပစ္စည်းအကူအညီပေးရန်အသင့်ရှိ

◾ တပ်မတော်ဆေးဝန်ထမ်းအင်အား ဆယ်ပုံတစ်ပုံဖြင့်ပူးပေါင်းဆောင်ရွက်မည်

 

- ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားလာပါက ဆေးနဲ့ ဆေးပစ္စည်းတွေ အကူအညီပေးနိုင်ဖို့အတွက် ရောဂါဖြစ်ပွားလာလို့ရှိရင် အသုံးပြုဖို့ဆေးဝါး ၅၈ မျိုးကို တိုင်းစစ်ဌာနချုပ် နေရာအလိုက်မှာရှိတဲ့ ကုတင် ၃၀၀ နဲ့အထက် ဆေးရုံများကို ဖြန့်ဝေပြီးပြီးဖြစ် ။

- ကူးစက်ဖြစ်ပွားရင် အသုံးပြုဖို့ ဆေးရုံသုံးပစ္စည်းလေးမျိုးကိုလည်း ဆေးရုံ ၆၈ ရုံကို ထုတ်ပေးထားပြီဖြစ်။ ထပ်မံလိုလာလို့ရှိရင် တပ်မတော်ဆေးရုံများကို ထုတ်ပေးနိုင်ရေးအတွက် အမှတ် (၁) အခြေချ ဆေးသိုလှောင်ရေးတပ်မှာ အရံသိုလှောင်ထားရှိ။

- ရောဂါရှာဖွေစမ်းသပ်မှုအတွက် တပ်မတော် ဆေးသုတေသနဌာနရှိ မော်လီကျူ့ ဇီဝဗေဒ နည်းပညာသုံးစစ်ဆေးရန် ဓာတ်ခွဲစမ်းသပ်ပစ္စည်းများ ဆောင်ရွက်ထားပြီး ရည်ညွှန်းဓာတ်ခွဲခန်းအဖြစ် အသုံးပြုမည်အပြင် ထပ်မံလိုအပ်ပါက ဇီဝလုံခြုံရေးအဆင့်(၃) ဓာတ်ခွဲခန်းကိုလည်း အသုံးပြုသွားမည်ဖြစ်။

 



 

- ရောဂါဖြစ်ပွားမှုအဆင့်သတ်မှတ်ရာတွင် နိုင်ငံတကာစံနှုန်းအတိုင်း အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ဟူ၍ အဆင့်သုံးဆင့်ဖြင့် သတ်မှတ်ထား၊ အစိမ်းရောင်အဆင့်ဆိုလျှင် လွယ်ကူစွာမကူးစက်နိုင်ကြောင်း အဝါရောင်အဆင့်ဆိုလျှင် လွယ်ကူစွာကူးစက်နိုင်၊ အနီရောင်အဆင့်ဆိုသည်မှာ ရောဂါပြင်းထန်နေပြီး နိုင်ငံအနှံ့ဖြစ်ပွားနေသည့် အဆင့်ဟုသတ်မှတ်။

- တပ်မတော်အနေနှင့် ဆောင်ရွက်ရန်မှာ အရောင်အဆင့်အလိုက် လိမ္မော်ရောင်အဆင့်ရောက်လျှင် တပ်မတော်အနေနှင့် တပ်မတော်တွင်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးအောက်တွင်ရှိသည့် အင်အား၏ ဆယ်ပုံတစ်ပုံဖြစ်သည့် ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး စုစုပေါင်း ၈၀၆ ဦးတို့သည် နယ်မြေအလိုက် ပူးပေါင်း ဆောက်ရွက်သွားမည်ဖြစ်။

- အနီရောင်အဆင့်တွင် အင်အား၏ ၁၀ပုံ ၂ပုံ ဆရာဝန် ၄၄၂ဦး၊ သူနာပြု၁၁၇၀ဦး ပေါင်း ၁၆၁၂ဦးတို့ဖြင့် ပူးပေါင်းကုသနိုင်ရေးစီစဉ်ထား။

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

=====


 



 




 

Manufacturers & Distributors (တိုင်းရင်းဆေးဝါး ထ/လ လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Manufacturers & Distributors

 




Read times Last modified on Monday, 23 March 2020 13:05
Rate this item
(0 votes)