What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 11:05

ပိုးတွေ့လူနာသစ်များ ဆက်တိုက်ထွက်ပေါ်နေသော်လည်း ရန်ကုန်တစ်မြို့လုံး လော့ဒေါင်းချရန် မလိုသေးဟုဆို

ရန်ကုန်တွင် ပိုးတွေ့လူနာသစ်များ ဆက်တိုက်ထွက်ပေါ်နေသော်လည်း လော့ဒေါင်းချရန်မလိုအပ်သေးကြောင်း ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေမိုးက ပြောသည်။

 

တိုင်းနှင့်ပြည်နယ်များထက် ရန်ကုန်တွင် ပိုးကူးလူနာအများဆုံးဖြစ်ပြီး ထောင်နှင့်ချီရှိသည့် စက်ရုံများတွင်ပါ ပိုးကူးလူနာများရှိလာသည့်အတွက် မည်သို့ထိန်းချုပ်ရန်ဆက်သွယ်မေးမြန်းရာတွင် ယင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော့်အထင်တော့ ဒါကချိန်ဆရမယ့်ကိစ္စပဲ၊ လော့ဒေါင်းချလိုက်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ကျန်းမာရေးဘက်ကအနေအထားတွေနဲ့ စဉ်းစားရမယ်။ ချိန်ဆရမယ်ပေါ့၊ ကျွန်တော်တို့ထက် နိုင်ငံတော် အဆင့်က ဆုံးဖြတ်ရမယ့်ကိစ္စပေါ့၊ Central ကော်မတီကဆုံးဖြတ်ပေးရမှာပေါ့၊ ကျွန်တော့်ပါဆင်နယ်အရဆိုရင် တစ်မြို့လုံးလော့ဒေါင်းချဖို့မလိုဘူးထင်ပါတယ်”ဟု ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေမိုးက ပြောသည်။

 

လက်ရှိတွင် ယခင်ထက် လူအင်အား၊ ပစ္စည်းအင်အားဖြည့်တင်းပြီး ကာကွယ်ရေးပိုင်းနှင့် ကုသရေးပိုင်း တွင် အင်တိုက်အားတိုက်ဆောင်ရွက်နေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ယင်းအပြင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင်လည်း ပြည်သူတွေအနေနှင့် လိုက်နာမှု မရှိပါက အခက်အခဲများစွာရှိနိုင်ကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

 

ရန်ကုန်တိုင်းတွင် ပိုးကူးလူနာအများဆုံးဖြစ်သည့်အတွက် အရေးကြီးကိစ္စအကြောင်းအရာများမှအပ ခရီးထွက်ခြင်းမပြုရန် ဗဟိုကော်မတီမှညွှန်ကြားထားပြီး ရခိုင်ပြည်နယ်အပါအဝင် Stay at Home သတ်မှတ် ထားသည့် မြို့နယ်ပေါင်း ၄၈ မြို့နယ်ရှိကြောင်း သိရသည်။

 

မေဘယ်လ်အောင်

Read times
Rate this item
(0 votes)